16 ပတ် - ဘာသာပြန်ပါ။

ဟင်းချို

ရေနွေးဆူဆူထဲမှာ
ကြက်သွန်တခြမ်း
ခရမ်းချဉ်သီးတလုံး(လေးစိတ်ခြမ်း)
ကြက်သွန်ဖြူဓားပြားရိုက်
ထည့်ပါ
ဆား အရသာမှုန့်
အနည်းငယ်စီထည့်ပါ
ခဏအုပ်ထားပေးပါ
အစိမ်းနံ့ပျောက်ပြီဆိုရင်
နှစ်သက်ရာ သီးနှံနဲ့အရွက် ထည့်ပါ
(ဖရုံးသီး အာလူး ဗူးသီး များထည့်လိုက အရင်ထည့်ပြီးအသီးနူးမှ အရွက်များထည့်ပါ)
အသီးရွက်များနူးပြီး အ​ပေါ့အငံအချို
ကိုယ့်စိတ်ကြိုက်မှာ ငပိထောင်းစပ်စပ်လေးနဲ့တွဲပြီး သုံးဆောင်လို့ရပါပြီ

image