16 w - Translate

ဇန်နဝါရီလ တတိယပတ်၌ အအေးလျော့လာနိုင်
--------------------
အခုဇန်နဝါရီလ ပထမအပတ်လောက်ကစပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ အအေးပိုခဲ့ပေမယ့် လာမယ့် တတိယပတ်လောက်မှာတော့ ညအပူချိန်တွေ ပြန်လည်မြင့်တက်လာနိုင်ပြီး အအေးလျော့နည်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

ဇန်နဝါရီလဆန်းမှာ အအေးပိုခဲ့ပေမယ့် လာမယ့် ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းမှာတော့ ညအပူချိန်တွေ ပြန်တက် လာပြီး အအေးပြန်လည် လျော့နည်းသွားနိုင်ကြောင်း ခန့်မှန်ရတယ်လို့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါ တယ်။ ဇန်နဝါရီလ ပထမပတ်အတွင်းမှာ ညအပူချိန်တွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ (၅)ဒီဂရီဆဲလ်စီးယပ်ကနေ(၁၀)ဒီဂရီဆဲလ်စီးယပ်အထိရှိခဲ့ပြီး ကျန်ရှိ တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတော့ ညအပူချိန်(၁၀)ဒီဂရီဆဲလ်စီးယပ်ကနေ (၁၅)ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၁၀ ရက် မနက်(၇)နာရီအချိ န်ထုတ်ပြန်တဲ့ နောက်(၂)ရက်အတွက်ခန့်မှန်းချက်ကို ထုတ်ပြန်ရာမှာ လည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအ ပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image