16 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိကွန်ဒိုတိုက်ခန်းများကို မြန်မာနိုင်ငံသားများ ဝယ်ယူမှုလျော့ကျပေမဲ့ ၂၀၂၄ ခုနှစ်ရဲ့ ပထမ ကိုးလအတွင်း နိုင်ငံခြားသားဝယ်ယူမှုများအနက် ဒုတိယနေရာမှာဆက်ရှိနေ

ဇန်နဝါရီ ၁၀

အိမ်ခြံမြေသတင်းအချက်အလက်ဗဟို(REIC) ရဲ့ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း မြန်မာနိုင်ငံသားတွေ ကွန်ဒိုအခန်းများဝယ်ယူမှုက ဘတ်ငွေ ၅ ဒသမ ၄၆ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၁,၀၅၀ ခန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလက ဘတ်ငွေ ၂ ဒသမ ၂၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၇ ခန်းကိုပဲ ဝယ်ယူခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာတင် ဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိတဲ့ကွန်ဒိုအခန်း ၆၃၈ ခန်း ကို မြန်မာနိုင်ငံသားတွေက ဝယ်ယူခဲ့တာလို့လည်း သိရပါတယ်။

၂၀၂၃ ခုနှစ်တစ်နှစ်လုံးမှာလည်း မြန်မာနိုင်ငံသားတွေက ဘတ်ငွေ ၃ ဒသမ ၇ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၅၆၄ ခန်းကို ဝယ်ယူခဲ့တာမို့ ၂၀၂၂ ခုနှစ်က ဝယ်ယူခဲ့ကြတဲ့ ဘတ်ငွေ ၂ ဒသမ ၅၅ ဘီလျံတန်ဖိုးရှိတဲ့အခန်း ၃၄၉ ခန်းထက် သိသိသာသာမြင့်တက်လာခဲ့တာလို့ သိရပါတယ်။

Ref -Bangkok Post

Credit - Myanmar Transparency News Agency

#centralnewsnaypyitaw

image