အရပ်အရှည်ဆုံး မြန်မာဘောလီဘောကစားသမား ကိုကောင်းညွန့်ဝေကို ဂျာမန်နာမည်ကျော် ဖိနပ်ချုပ်လုပ်သူက ဂျာမနီသံရုံးကတစ်ဆင့် ဖိနပ်လှူ

ဇန်နဝါရီ ၁၀

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက လူသိများလာခဲ့ပြီးနောက်မှာ ဘောလီဘောကစားသမားအဖြစ် ကူးပြောင်းသွားတဲ့ မြန်မာနိုင်ငံရဲ့အရပ်အရှည်ဆုံးဘောလီဘောကစားသမား ကိုကောင်းညွန့်ဝေကို ဂျာမန်နာမည်ကျော် ဖိနပ်ချုပ်လုပ်သူက ဂျာမနီသံရုံးကတစ်ဆင့် ဖိနပ်ချုပ်လုပ် လှူဒါန်းပေးခဲ့ပါတယ်။

ကိုကောင်းညွန့်ဝေဟာ အရပ်အမြင့် ၂ ဒသမ ၁၅ မီတာ (၇ ပေ ၁ လက်မ) မြင့်မားပြီး သူ့ဖိနပ်ဆိုတ်ကလည်း ကြီးမားတာကြောင့် သူ့အတွက် ဖိနပ်အသစ်တစ်ရံ လိုအပ်ပေမယ့် စင်ပေါ်မှာရှိနေတဲ့ ဖိနပ်အသစ်တွေက သူ့အတွက် ရွေးချယ်စရာ မဟုတ်ခဲ့ပါဘူး။ ဒါကြောင့် စင်ပေါ်က ဖိနပ်တွေအစား၊ ကမ္ဘာတဝှမ်းမှ အရပ်ရှည်သူတွေအတွက် ဖိနပ်ဆိုတ်အရွယ်အစား ၄၇ မှ ၇၀ အတွင်း အထူးကျွမ်းကျင်စွာထုတ်လုပ်သူ ဂျာမန်လူမျိုး Georg Wessels ထံမှ အထူးချုပ်ဖိနပ်တွေကို မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံးကတစ်ဆင့် ကိုကောင်းညွန့်ဝေက လက်ခံရရှိခဲ့ပါတယ်။

Georg Wessels ဟာ တူရကီ၊ ဗင်နီဇွဲလားက အရပ်ရှည်သူတွေအပြင် အာရှနဲ့ အာဖရိကနိုင်ငံတွေက အရွယ်အစားကြီးတဲ့ ဖိနပ်ဆိုတ်လိုအပ်နေသူတွေအတွက် ချုပ်လုပ်လှူဒါန်းခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံက ပုံမှန်ထက်အရပ်ရှည်နေသူတွေအတွက်လည်း အထူးချုပ်ဖိနပ်တွေကို လှူဒါန်းခဲ့တာ နှစ်အတော်ကြာနေပြီဖြစ်ပြီး သူလှူဒါန်းခဲ့သူတွေထဲက တစ်ဦးဆို အရပ် ၂ ဒသမ ၃၈ မီတာ (၇ ပေ ၇ လက်မ ဝန်းကျင်) ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image