လီဗာပူးလ်အသင်းနည်းပြအာလ်နေးစလော့ဒ်က ပြီးခဲ့တဲ့ညတုန်းက ကာရာဘောင်ဖလားပွဲစဉ်ပထမအကျော့မှာ လီဗာပူးလ်အသင်းက တော့တင်ဟမ်ဟော့စပါးအသင်းကို ၀-၁ နဲ့ရှုံးနိမ့်သွားမယ်လို့မထင်ရလောက်တဲ့အထိအသင်းသားတွေအနေနဲ့ကစားပုံကောင်းမွန်ခဲ့တယ်လို့ပြောဆိုခဲ့ပြီးစပါးအသင်းကစားသမားလူးကပ်စ်ဘာချ်ဗောရဲ့ အနီကဒ်ကနေလွတ်မြောက်ခဲ့တဲ့ဖြစ်စဉ်မှာလည်းဘာမှပြောင်းလဲလို့မရတာကြောင့်ပြောရုံသာရှိတယ်လို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။
ငါတို့ဒီပွဲစဉ်မှာရှုံးလိမ့်မယ်လို့မခံစားရပါဘူး။အထူးသဖြင့် ပထမဆုံး ၁၅-၂၀ မိနစ် နောက်ပိုင်းမှာဖြစ်ပြီး စပါးအသင်းအနေနဲ့ငါတို့ထက်ပိုကောင်းလာတယ်လို့ခံစားရပါတယ်။ဒါပေမဲ့ဒီနောက်ပိုင်းကျနော့်အမြင်မှာတော့ ငါတို့အနေနဲ့ပွဲကိုတပွဲလုံးနီးပါးထိန်းချုပ်ကစားနိုင်ခဲ့ပြီး သူတို့အသင်းကိုကွင်းတဝက်နီးပါးပွဲတပွဲလုံးဖိအကစားနိုင်ခဲ့ကာ ဘောလုံးပိုင်ဆိုင်မှုအများကြီးလုပ်ဆောင်နိုင်ခဲ့ပေမဲ့ စပါးအသင်းလိုဘောလုံးကောင်းကောင်းကစားနိုင်တဲ့အသင်းနဲ့တွေ့ဆုံရာမှာတော့ မင်းအနေနဲ့ပွဲပြီးတဲ့အထိတည်ငြိမ်မှုရှိရပါမယ်။
စပါးအသင်းကစားသမား လူးကပ်စ် ဘာချ်ဗောအနေနဲ့ ကောစတာဆီမီကတ်စ်ကိုလျှောထိုးဖျက်ထုတ်ခဲ့ပြီးနောက် ဒုတိယမြောက်အဝါကဒ်မထိခဲ့တာနဲ့ပတ်သက်ပြီး ငါတို့အတွက်တော့ကံဆိုးခဲ့ပါတယ်။ဆုံးဖြတ်ချက်ကလည်းဖြစ်ပြီးသွားပါပြီ။မင်းအနေနဲ့ဘာမှပြောင်းလဲလို့မရပါဘူးလို့စလော့ဒ်ကပြောဆိုခဲ့ပါတယ်။
#ဘောလုံးသတင်းစုံ
