လော့စ်အိန်ဂျလိစ်တောမီး ပျက်စီးဆုံးရှုံးမှုများ
-------------------
ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန်ဂျလိစ်မြို့မှာ ဆိုးရွားတဲ့နှင်းမုန်တိုင်းတိုက်ခတ်မှုတွေ၊ တောမီးလောင် ကျွမ်းမှုတွေနဲ့ ရင်ဆိုင်နေတာကြောင့် ပျက်ဆီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ကြောင်း CNN သတင်းမှာ ဖော်ပြထား ပါတယ်။
ဒါဟာ အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးရွားဆုံးတောမီးလောင်ကျွမ်းမှုဖြစ်တယ်လို့ လော့စ်အိန် ဂျလိစ် ရဲအရာရှိတစ်ယောက်က ပြောပါတယ်။ လော့စ်အိန်ဂျလိစ်မြို့မှာ ပြင်းထန်တဲ့ တောမီးတွေ လောင်ကျွမ်းနေတာ ကြောင့် အဏုမြူဗုံးကြဲချခံရသလို ခံစား နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ တောမီးလောင် ကျွမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူငါး ယောက်အထိ ရှိလာပြီဖြစ်ပါတယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် လော့စ်အိန်ဂျလိစ်မှာ အလွန်အန္တရာယ်များတဲ့ တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ် နေပြီး လော့စ်အိန်ဂျလိစ်မြို့အနီးက လူနေထိုင်ရာရပ်ကွက်ဖြစ်တဲ့ Pacific Palisades မှာ ဧက ၁,၂၆၁ ကျော်အထိ တောမီးဘေး သင့်ခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာလည်း တောမီးလောင်ကျွမ်းမှုကြောင့် လူသန်းပေါင်း များစွာ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရပြီး အနီးရောင်အဆင့် အရေးပေါ်အခြေအနေ သတိပေးချက်တွေလည်း ထုတ်ပြန်ထားဖြစ်ပါတယ်။
