16 w - Translate

ဂျော်ဂျီယာတွင် AI အတွက် ၁၁ ဘီလီယံ Amazon ရင်းနှီးမည်
--------------------------
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ AI အခြေခံအဆောက်အအုံ တိုးချဲ့ဖို့အတွက် အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံအထိ Amazon က ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။ Cloud ယူနစ် Amazon Web Services(AWS)ရဲ့ AI အခြေခံအဆောက်အအုံတိုးချဲဖို့နဲ့ ပိုမိုတိုးတက် ကောင်းမွန်လာ စေဖို့အတွက် အခုလိုရင်းနှီးမြှုပ်နှံဖို့စီစဉ်ရတာဖြစ်တယ်လို့ Amazon ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူတစ်ယောက် က ပြောပါတယ်။

Cloud ယူနစ်ဟာ cloud computing နဲ့ AI နည်းပညာတွေကို ပံ့ပိုးပေးဖို့အတွက် ဂျော်ဂျီယာမှာ AI အခြေခံ အဆောက်အဦတွေ တိုးချဲ့ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဖြစ်ပြီး အဲဒီရင်းနှီးမြှုပ်နှံမှုကနေ အနည်းဆုံး အလုပ်အကိုင်သစ် ၅၅၀ နီးပါးဖန်တီးနိုင်မယ်လို့လည်း မျှော်မှန်းထားပါတယ်။
စွမ်းဆောင်ရည်ရှိတဲ့ AI ဟာ အဆင့်မြင့် cloud အခြေခံအဆောက်အအုံနဲ့ စီမံဆောင်ရွက်မှုစွမ်းအားအတွက် လိုအပ်ချက်ကို မြှင့်တင်ပေးပြီး ဒီရင်းနှီးမြှုပ်နှံမှုတွေက ဂျော်ဂျီယာရှိ ဒေတာစင်တာတွေမှာ AI အနာဂတ်ကို ပံ့ပိုးပေးမှာဖြစ်တယ်လို့ Amazon ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ကလည်း အလေးပေး ပြောကြားထားပါတယ်။

image
image
image