သာကူဆနွင်းမကင်း

လွယ်ကူရိုးရှင်းပြီး စားလို့လည်းကောင်း လုပ်ရတာလည်း အလွန်လွယ်ကူတဲ့ သာကူဆနွင်းမကင်းလေးပါ ။ အိမ်မှာအလွယ်တကူလုပ်စားလို့ရပါတယ် ။ ကုန်ကျစရိတ်လည်း သက်သာပြီး လုပ်ရတာလည်းမြန်ပါတယ် ။် စိတ်ဝင်စားရင်လုပ်ကြည့်ပါ ။
ပါဝင်ပစ္စည်း
********
သာကူစေ့...၂၅ ကျပ်သား(ရေဆေးပြီး ဇကာနဲ့စစ်ထားပါ)
သကြား...၂၀ ကျပ်သား
coconut cream..၁ ဗူး(သို့)
အုန်းသီး ..၁လုံး (ခြစ်ပြီး အရည်ညှစ်ထားပါ)
ဆား လက်ဖက်ဇွန်း..၁ဇွန်း
နွားနို့...၁ ဖန်ခွက်
ထောပတ်(သို့)ဆီ...၅ ကျပ်သား
ဘိန်းစေ့...အနည်းငယ်

ပြုလုပ်ပုံ
*******
၁။ သာကူ သကြား ဆား နွားနို့ အုန်းနို့အားလုံးရောပြီး သမအောင်နယ်ပါ ။ မုန့်ဖုတ်မည့်ဗန်းထဲသို့ထောပတ်(သို့)ဆီထည့်ပြီး နယ်ထားတဲ့သာကူကို လောင်းထည့်ပါ ။
၂။ ညီအောင်ညှိပြီး အပေါ်ကဘိန်းစေ့ဖြူးပြီး အပေါ်မီး အောက်မီးနဲ့ ဖုတ်ပါ။ မုန့်ဖုတ်တဲ့ oven ရှိရင်တော့ oven ထဲထည့်ဖုတ်ိပါ ။ အိမ်မှာတော့ (oven မရှိ အပေါ်မီးအောက်မီး မရှိ)ဂက်စ်မီးဖို နဲ့ ချက်တဲ့ အတွက် ဆီမကပ်တဲ့ ဒယ်ပြန့်ထဲ ထည့်ပြီး မီးနဲနဲ နဲ့ အပေါ်ယံ ကျက်ခါနီးထိ မိနစ် ၃၀ ခန့် တင်ပြီး ဘန်းထဲသို့ဆီထည့်ပြီး မှောက်ချလိုက်ပါ ။ မီးဖိုပေါ်နောက်ထပ် ၁၅ မိနစ်ခန့်တင်ပြီး ရင် ရပါပြီ ။
အအေးခံပြီးလိုသလို လှီးဖြတ်စားနိုင်ပါတယ်ဗျ ။
#မြိန်မြိန်

image