Zeekr 007 GT wagon ကို စျေးနှုန်း 28,650 USD ဝန်းကျင်ဖြင့် ရောင်းချပေးဖွယ်ရှိ
Geely ရဲ့ လက်အောက်က Brand ခွဲတစ်ခုဖြစ်တဲ့ Zeekr ကနေ သူတို့ရဲ့ ကားသစ်တစ်စီးဖြစ်တဲ့ 007 GT wagon ရဲ့ teaser ပုံတွေကို ချပြလိုက်ပါပြီ။ စျေးနှုန်းအနေနဲ့ 28,650 USD ဝန်းကျင်ကနေ စတင်ကျသင့်မှာ ဖြစ်ပြီး ရရှိနိုင်မယ့် variants လေးမျိုးကတော့
Smart RWD: 28, 650 USD
Long-Range RWD: 31,380 USD
Smart AWD: 31,380 USD
Performance AWD: 40,935 USD
Zeekr 007 GT ကားသစ်က 007 sedan ကနေ ဆင်းသက်လာတာဖြစ်ပြီး sedan လိုမျိုး front-end design ပိုင်း အတူတူပါပဲ။ ဘေးဘက်အပိုင်းမှာတော့ Sedan ကားထက် ပိုပြီးတော့ ရှည်လျား ကျော့ရှင်းတဲ့ ပုံစံမျိုးဖြစ်ပြီး rear cargo space နဲ့ second-row headroom နေရာတွေကလည်း ပိုကောင်းလာပါတယ်။ ဒါ့အပြင် roof-mounted spoiler, full-width taillights နဲ့ five-spoke wheels တို့လို အဓိက design elements တွေလည်း ပါဝင်လာပါတယ်။
007 GT ကားက 007 sedan ရဲ့ platform နဲ့ powertrain configurations တွေကိုပဲ အသုံးပြုထားတာပါ။ rear-wheel-drive version မှာတော့ 310 kW motor တစ်လုံးထည့်သွင်းပေးထားတာ ဖြစ်ပြီး 0 to 100 km/h ကို 5.4 seconds အတွင်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ all-wheel-drive version မှာတော့ 165 kW front motor နဲ့ 310 kW rear motor ကို ထည့်သွင်းပေးထားပြီး total output 375 kW နဲ့အတူ 0 to 100 km/h ကို 2.84 seconds အတွင်း မောင်းနှင်နိုင်မှာပါ။ ဒါ့အပြင် အဆိုပါ Version မှာ 100 to 0 km/h ကို stopping distance 34.4 meters ရှိတဲ့ braking system လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။
Zeekr ကို 800V electrical architecture ဖြင့် တည်ဆောက်ထားတာ ဖြစ်ပြီး fast charging စနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ LFP နဲ့ NMC types ကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး CLTC ranges 616 km နဲ့ 870 km လောက်ထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ အားသွင်းစွမ်းဆောင်ရည်ပိုင်းမှာလည်း 15 minutes ဆိုရင် 500 km အထိ တိုးစေနိုင်ပါတယ်။
စျေးနှုန်း 28,650 USD ဝန်းကျင်ဖြင့် ရောင်းချပေးဖွယ်ရှိနေတဲ့ Zeekr 007 GT လျှပ်စစ်ကားသစ်က Nio ET5 Touring လိုမျိုး မော်ဒယ်တွေနဲ့ စျေးကွက်ထဲမှာ ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ ဒါကြောင့် Geely ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Zeeker ရဲ့ လျှပ်စစ်ကားသစ် Zeekr 007 GT က စျေးကွက်ထဲမှာ အောင်မြင်မှုရရှိနိုင်မလားဆိုတာတော့ မိတ်ဆွေတို့ရဲ့ အမြင်လေးတွေကို မျှဝေပေးခဲ့ပါဦး။
#?????
#ev #zeekr007gt
