16 w - Translate

တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်ငယ်လှုပ်ခတ်ခဲ့

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် ဆီဆိုင်မြို့တို့ကိုဗဟိုပြု၍ ယနေ့ ဇန်နဝါရီ ၉ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၉ ရက်ည ၆ နာရီ ၅၄ မိနသ်၊ ၁၈ စက္ကန့်က ဆီဆိုင်မြို့၏ မြောက်-အနောက် မြောက်ဘက်(၁၄)မိုင်ခန့်အကွာ၊ တောင်ကြီးမြို့ ၏ တောင်-အရှေ့တောင်ဘက်(၃၂)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ်(၂၀ ဒသမ ၃၆)ဒီဂရီ၊ အရှေ့ လောင်ဂီတွဒ်(၉၇ ဒသမ ၂၁)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစ ကေး(၂ ဒသမ ၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ငယ်လှုပ်ခတ်မှုကို မိုးလေဝသမြန် မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဌာန၊ မြေငလျင်တိုင်း ထွာရေးဌာနခွဲမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image