ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား
ပြင်ပလူနာကု ဌာနများသို့ လာရောက်ပြသကုသမှု ခံယူခဲ့သူများတွင် HMPV ရောဂါပိုး ကူးစက်ဖြစ်ပွား ခဲ့သည် ကိုတွေ့ရှိရပြီး အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ရန် မလိုကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ဇန်နဝါရီ ၇ ရက်က ဆောင်းရာသီတွင် ဖြစ်ပွားလေ့ရှိသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း၊ အဆင့်မြင့်အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ တပ်မတော်ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ရောဂါနှိမ်နင်းရေး တပ်နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
#updatenews
