တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အသင်းကပ္ပတိန်တိုက်စစ်မှူး ဆွန်ယောင်မင်ကို ၂၀၂၆ ခုနှစ်အထိနောက်ထပ် ၁ နှစ်စာချုပ်သက်တမ်းတိုးဖို့ စာချုပ်ပါအချက်အလက်ကိုအသုံးပြုခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့ပါတယ်။

တောင်ကိုးရီးယားတိုက်စစ်ကစားသမားဟာ ၂၀၁၅ ခုနှစ်တုန်းက စပါးအသင်းကိုပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံဆုဖလားတွေမရယူနိုင်သေးပေမဲ့လည်း ပြိုင်ပွဲစုံမှာကလပ်အသင်းနဲ့အတူ ၄၃၁ ပွဲပါဝင်ကစားထားခဲ့ရာမှာ ၁၆၉ ဂိုးသွင်းယူထားနိုင်တာနဲ့အတူ အဓိကကစားသမားဖြစ်လာခဲ့ပါတယ်။

ဒီမတိုင်ခင်ကစားသမားရဲ့စာချုပ်သက်တမ်းအရတော့ ၂၀၂၅ ခုနှစ်မှာကုန်ဆုံးမှာဖြစ်တာကြောင့်အသင်းအတော်များများအနေနဲ့ အဆိုပါကစားသမားကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့စိတ်ဝင်စားမှုရှိနေပြီး ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်အသင်းအပါအဝင်ဂါလာတာစာရေးအသင်းတို့ကလည်းစိတ်ဝင်စားမှုရှိနေခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ဆွန်ကို ၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းဆက်တိုးဖို့စာချုပ်ပါအချက်အလက်ကိုအသုံးပြုခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့ပြီး လက်ရှိမှာတော့ ကာယကံရှင်အနေနဲ့ ပြီးခဲ့တဲ့နှစ်တုန်းကအသင်းပြောင်းရွှေ့သွားတဲ့ဟယ်ရီမက်ဂွိုင်းယားနေရာမှာကပ္ပတိန်ဖြစ်လာခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image