အာလူးပိုးတီကြော်
လက်တလောမှာအရမ်းရေပန်းစားသွားတဲ့ အားလူးကိုစက်ပရင်ပုံစံ(သို့)ပိုးတီ ပုံဖော်ပြီးကြော်စားကြည့်ရအောင်
ပါဝင်ပစ္စည်းတွေကတော့
အာလူး ၁၀ လုံး
ဆား အနည်းငယ်
ဆီ(ကြော်ရန်) ၂၀ ကျပ်သား

ပြုလုပ်ပုံ
အာလူးကို အလုံးလိုက် အခွံခွှာ ၍ရေဆေးပြီး သရက်သီး
ပိုးတီ လှီးသလိုမျိုး လှီးပါ ။
ပြီးရင် ဆားရည်လေးနဲ့ စိမ်ထားပါ ။ ၂၀ မိနစ်ခန့်ကြာလျင်
ဆယ်ပြီး ရေစစ်ထားပါ ။
ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူပူမှာ အာလူးကို ဆွဲ ဆန့်ပြီး
ထည့်ကြော်ပါ ။ မီးမနည်းမများနဲ့ ကြော်ပါ ။ဒါမှအရောင်လှပြီး
အကျက်လည်းညီ ပါတယ် ။ နီပြီးကြွပ်လာရင် ရပါပြီ ။
#မြိန်မြိန်

image