တယ်စလာကုမ္ပဏီနဲ့ စပေ့အိတ်ချ် ကုမ္ပဏီ ပိုင်ရှင်ဖြစ်တဲ့အမေရိကန်သန်းကြွယ်အီလွန်မတ်စ်ရဲ့အဖေဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီး လီဗာပူးလ်အသင်းကိုဝယ်ယူရေးအတွက်စိတ်ဝင်စားမှုပြသနေကြောင်းပြောဆိုခဲ့ပါတယ်။
အီလွန်မတ်စ်ရဲ့အဖေဖြစ်သူက သူ့ရဲ့သားဖြစ်သူဟာ ပရီးမီးယားလိဂ်နာမည်ကြီးကလပ်လီဗာပူးလ်ကလပ်အသင်းကိုဝယ်ယူဖို့စိတ်ဝင်စားမှုရှိနေကြောင်းဖွင့်ဟခဲ့တယ်လို့ The Mirror သတင်းကဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း လီဗာပူးလ်အသင်းရဲ့ပိုင်ရှင် ရင်းနှီးမြှုပ်နှံမှုအဖွဲ့ FSG ဖန်ဝေးအားကစားအုပ်စုအနေနဲ့ ကလပ်အသင်းကိုဘယ်လိုပုံစံမှရောင်းချဖို့အစီအစဉ်မရှိဘဲ အီလွန်မတ်စ်အနေနဲ့လည်း အမှန်တကယ်ကမ်းလှမ်းမှုတွေလုပ်ဆောင်ဖို့ ချိတ်ဆက်လာတာမျိုးမရှိသေးတာဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ FSG အနေနဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ကို ၂၀၂၃ ခုနှစ်မှာရှယ်ယာအစုငယ်ရောင်းချခဲ့ပေမဲ့ ကုမ္ပဏီဥက္ကဌ မိုက်ခ်ဂေါ်လ်ဒွန်က FSG ရဲ့ရေရှည်အာရုံစိုက်မှုဟာ လီဗာပူးလ်အသင်းအပေါ်မှာသာရှိပြီး အရင်အတိုင်းမာကျောမှုရှိနေဆဲဖြစ်တယ်လို့အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံမွှုပျနှံမှုအဖှဲ့ FSG ဖန်ဝေးအားကစားအုပ်စုအနေနဲ့ ကလပ်အသင်းကိုဘယ်လိုပုံစံမှရောင်းချဖို့အစီအစဉ်မရှိဘဲ အီလွန်မတ်စ်အနေနဲ့လည်း အမှန်တကယ်ကမ်းလှမ်းမှုတွေလုပ်ဆောင်ဖို့ ချိတ်ဆက်လာတာမျိုးမရှိသေးတာဖြစ်ပါတယ်။
ဒီမတိုင်ခင်မှာတော့ FSG အနေနဲ့ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Dynasty Equity ကို ၂၀၂၃ ခုနှစ်မှာရှယ်ယာအစုငယ်ရောင်းချခဲ့ပေမဲ့ ကုမ္ပဏီဥက္ကဌ မိုက်ခ်ဂေါ်လ်ဒွန်က FSG ရဲ့ရေရှည်အာရုံစိုက်မှုဟာ လီဗာပူးလ်အသင်းအပေါ်မှာသာရှိပြီး အရင်အတိုင်းမာကျောမှုရှိနေဆဲဖြစ်တယ်လို့အတည်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
#ဘောလုံးသတင်းစုံ
