16 ပတ် - ဘာသာပြန်ပါ။

❝ရွေးကောက်ပွဲအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို CVLMS အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ဟုဆို❞

ဇန်နဝါရီ ၉

လာမည့်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၈ ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက အမှာစကားပြောကြားရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အဓိကကျကြောင်း ပြောကြားသည်။

ဆက်လက်၍လည်း မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့သည့် ပုံစံ (၆၆/၆) ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့သည့် မြေပြင်လူဦးရေစာရင်းနှစ်ခုကို အခြေခံပြီး ကော်မရှင်က ပြုစုရကြောင်းလည်း ရှင်းလင်းပြေားကြားသည်။

အလားတူ ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြေပြင်စိစစ်အတည်ပြုနိုင်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်မဲရုံအလိုက် မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။

၎င်းနောက် တက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

#centralnewsnaypyitaw

image