16 w - Translate

Mavka The Forest Song (2023)

ဒီတစ်ခေါက်မှာတော့ The Forest Song ဆိုတဲ့ပြဇာတ်လေးကိုအခြေခံပြီးတင်ဆက်ထားတဲ့ "Mavka The Forest Song"ဆိုတဲ့ကာတွန်းကားလေးကို
အပန်းပြေကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်

ဇာတ်လမ်းအကြောင်းအရာလေးကတော့ မာဗကာဟာ တောထဲကအစောင့်အရှောက်နတ်မိမယ်လေးဖြစ်ပြီးတော့အရမ်းကိုရိုးအလွန်းပြီး
စိတ်ကောင်းရှိတဲ့သူလည်းဖြစ်၊ ကြင်နာတတ်တဲ့သူလည်းဖြစ်ပါတယ် မာဗကာတိုရဲ့တောကို တစ်ချိန်တုန်းကလောဘစိတ်မွှန်နေတဲ့လူသားတွေ
တိုက်ခိုက်ပြီးအန္တရာယ်ဖြစ်ခဲ့ဖူးတာကြောင့် လူသားတွေကို လုံးဝတားမြစ်ခွင့်ပိတ်ပင်ထားတဲ့နေရာဖြစ်ပါတယ် လူးကတ်စ်ကတော့ ဂီတကိုချစ်မြတ်နိုးတဲ့
လူငယ်လေးတစ်ယောက်ဖြစ်ပြီးတော့ နာမကျန်းဖြစ်နေတဲ့ဦးလေးဖြစ်သူကို ဆေးကုဖိုအတွက်ငွေလိုနေတဲ့သူပါ

ဒီလိုနဲ့တစ်ရက်မှာတော့မြိုထဲကိုလူချမ်းသာအမျိုးသမီးတစ်ယောက်ရောက်လာပြီးတော့ ဒီတောထဲကိုသွားပြီး သူရှာခိုင်းတဲ့သစ်ပင်ကိုရှာနိုင်ရင်ငွေတွေအများကြီးပေးမယ်လို ကမ်းလှမ်းလာပါတယ် ငွေလိုနေတဲ့လူးကတ်စ်တစ်ယောက်ဘယ်လိုဆက်သွားမလဲဆိုတာကြည့်ရှူ့ကြည့်လိုက်ပါအုံးနော်....
#crd

image