16 w - Translate

♊️GEMINI♊️

💫This is a general reading

အချစ်ရေး/လူမှုရေး/အိမ်ထောင်ရေးမှာ အဆင်ပြေမှုလေးတွေ ရှိတတ်တဲ့ နှစ်တနှစ် ဖြစ်တယ်၊ အထူးသဖြင့် တိတိကျကျ ပြောရရင် အဆင်မပြေမှုတွေ ပြေလည်သွားမယ့် နှစ်လို့ ပြောရမယ်၊ အဆင်မပြေတဲ့ အဆင်မပြေလောက်တော့ဘူး ထင်ထားတဲ့ ၅၂၈/၁၅၀၀ ဆက်ဆံရေးတွေ ပြန်အဆင်ပြေမယ်၊ ပြန်ညှိလို့ရမယ်၊ အဆက်အသွယ် မရသူတွေ အဆက်အသွယ်ပြန်ဝင်လာတတ်တယ်၊ မိတ်ဟောင်းဆွေဟောင်း/ချစ်ခင်သူ/ မိသားစုဝင်များနဲ့ ပြန်လည် ဆုံစည်းရတတ်တယ်၊ လိုအပ်ချက်ရှိနေခဲ့တဲ့ ဆက်ဆံရေးတွေ ပြန်ညှိနိုင်မယ်၊ အချစ်ရေးမှာ စန်းကောင်းပြီး ကိုယ့်ကို သဘောကျသူတွေ များတတ်တယ်၊ တွေဝေ စိတ်ဒွိဟဖြစ်စရာတွေ ပြီးသွားတတ်တဲ့ နှစ်ပါ၊ လက်ရှိ RS လေးတွေ တခုခုဆို တယောက်နဲ့ တယောက် သိုဝှက် ကျိတ်ခံစားတာထက် ပွင့်ပွင့်လင်းလင်း ပြောဆို ညှိနှိုင်းရင် အရာရာ အဆင်ပြေပါလိမ့်မယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာတော့ အနည်းငယ် ရုန်းကန်မှုလေးတွေ လုပ်ရတတ်တဲ့ နှစ်တနှစ် ဖြစ်တတ်ပါတယ်၊ အလုပ်/ငွေကြေးနဲ့ ပတ်သတ်ပြီး မမျှော်လင့်ထားတဲ့ အပြောင်းအလဲ ပြသနာလေးတွေ ရှိတတ်တာကြောင့် ကိုယ်က ပြန်လည် တည့်မတ်နိုင်အောင် ကြိုးစားရတတ်တယ်၊ အလုပ်ပြောင်းတာ ဌာနပြောင်းတာ လေးတွေ ရှိတတ်တယ်၊ ကိုယ့်အနေနဲ့ တတ်နိုင်သလောက် ငွေကြေးကို မလိုတဲ့နေရာမှာ မဖြုန်းပစ်ဘဲ သေချာသိမ်းထုတ် စုဆောင်းသင့်တဲ့ နှစ်တနှစ် ဖြစ်ပါတယ်၊ ရန်သူမျိုး ငါးပါး ကံကြောင့် ငွေကြေး ဆုံးရှုံးမှုလေးတွေလဲ ရှိတတ်လို့ ဘုရား တရား မြဲရင် ပိုကောင်းပါတယ်၊ ဒါပေမယ့် ကိုယ်က တတ်နိုင်သလောက် ဘာပဲ ဖြစ်ဖြစ် အရမ်း စိတ်ဓာတ်ကျမသွားဘဲ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အရာရာ ရင်ဆိုင်နိုင်ရင် အောင်မြင်ပါလိမ့်မယ်

ပညာရေးမှာ ရွေးချယ်စရာ လမ်း နှစ်မျိုးနှစ်ခွ ပေါ်တတ်တယ်၊ ကိုယ်က တခါတလေ ဘာရွေးရမှန်းမသိတော့တဲ့အချိန် ဘာမှ ဆက်မလုပ်ချင်တော့ဘူး ဆိုပြီး လွှတ်ချချင်တာမျိုးတွေလဲ ရှိတတ်တယ်၊ ဒါပေမယ့် အဲ့လို မလုပ်သင့်ပါဘူး၊ ကိုယ် လျှောက်မယ့် လမ်းကို သေချာ ရွေးပါ၊ ရွေးပြီးရင် အကောင်းဆုံး နောက်ပြန်မလှည့်ဘဲ ကြိုးစားပါ၊ အဲ့ဒါဆို အောင်မြင်မှု သေချာပေါက် ရလာပါလိမ့်မယ်

ကျန်းမာရေးမှာ အသေးအမွှား ဝေဒနာလေးတွေကလွဲပြီး အညံ့အများကြီး မတွေ့ရပါဘူး၊ ကံတရား အထောက်အပံ့လေးကြောင့် ဝေဒနာတွေ သက်သာပျောက်ကင်းနိုက်ပါလိမ့်မယ်၊ စိတ်ကိုသာ အေးအေးချမ်းချမ်းလေး ဖြစ်အောင် တရားလေးထိုင်ပါ၊ ဘုရားတရားလေး လုပ်ပေးပါ

Guidance from Universe

1. ကိုယ့်ကိုယ်ကို ချစ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ယုံကြည်မှု တက်လာတတ််ပါတယ်
2. တချို့အရာတွေကို ဝေဝါးမနေအောင် သေချာ အမှန် အမှား အကောင်းအဆိုး အကျိုး အပြစ် မြင်အောင် ခွဲခြမ်းစိတ်ဖြာ ကြည့်သင့်ပါတယ်
3. တချို့အရာတွေမှာ လုံလောက်တဲ့ အချိန်/ ဝီရီယ/ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်

Lucky numbers: 2,22,42

#2025newyear
#tarot
#gemini

image