လော့အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းလို့ အရေးပေါ်အခြေအနေ ကြေညာ
ဝါရှင်တန်၊ ဇန်နဝါရီ ၈
အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
တောမီးဟာ ၁၀ ဧကကနေ နာရီပိုင်းအတွင်း ဧက ၂၉၀၀ ကျော်ထိ လောင်ကျွမ်းခဲ့ပြီး ဒေသခံသုံးသောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းရန် ညွှန်ကြားထားကာ အဆောက်ဦ ၁၃၀၀၀ ကျော် တောမီးခြိမ်းခြောက်ခံနေရတယ်လို့ မီးသတ်ဌာနအကြီးအကဲ ခရစ်စတင်ခရိုလီက ပြောပါတယ်။
ပစိဖိတ်ပါလီဆက်စ်ဒေသမှာ နေအိမ်တွေမီးလောင်နေပြီး ဒေသခံတွေဟာ သူတို့ရဲ့ ကားတွေကိုပါထားခဲ့ပြီး ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ ရုပ်သံမှတ်တမ်းတွေလည်း ထွက်ပေါ်နေပါတယ်။ တောမီး ယမန်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀ ဝန်းကျင်က စတင်လောင်ကျွမ်းခဲ့တာပါ။
လက်ရှိ လေပြင်းတိုတ်ခတ်မှုဟာ တနာရီကို ၈၀ ကီလိုမီတာနှုန်းရှိပြီး ရာသီဥတုကလည်း ခြောက်သွေ့နေပါတယ်။ အခြေအနေ မတည်မငြိမ်ဖြစ်နေပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမရှိသေးပါဘူး။ ကယ်လီဖိုးနီးယားရှိ သန်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း တောမီးသတိပေးချက်အောက်မှာ ရှိနေပါတယ်။
ရာနဲ့ချီတဲ့ မီးသတ်သမားတွေဟာ တောမီးကို မြေပြင်နဲ့ ဝေဟင်ကနေ ငြှိမ်းသတ်နေကြပြီး မီးလောင်မှုနဲ့ပတ်သက်ပြီး ကူညီကယ်ဆယ်ရေးတွေအတွက် တာဝန်ရှိသူတွေကို သမ္မတဂျိုးဘိုင်ဒင်က ညွှန်ကြားထားပါတယ်။ အာဏာပို်ငတွေအနေနဲ့ မီးဘေးသတိပေးချက်တွေကို မနက်ဖြန်ထိ ဆက်လက်ထုတ်ပြန်ထားဖို့ ရှိပါတယ်။
Ref:BBC
Photo:Reuters/AFP
#သတင်းဟင်လေးအိုးကြီး


