16 w - Translate

အမေရိကန် နှင်းမုန်တိုင်းဖြစ်စဉ်အတွင်း သေဆုံးသူ (၅)ဦးရှိ
---------------------
အမေရိကန်နိုင်ငံ ဒေသအများစုမှာ ဆီးနှင်းမုန်တိုင်းတစ်ခု တိုက်ခတ်နေတာမှာ ရာသီဥတုဒဏ်ကြောင့် သေဆုံးသူ အနည်းဆုံး (၅)ယောက်အထိ ရှိလာနေပါတယ်။ နှင်းထူထဲစွာကျဆင်းပြီး ရာသီဥတုဆိုးရွားတာကြောင့် ဒေသ အများစုမှာ စာသင်ကျောင်းတွေ ပိတ်ထားရသလို လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်တာနဲ့ လျှပ်စစ်မီး မရတာတွေလည်း ရှိနေပါတယ်။ မေရီလန်း၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယား၊ ကန်ဆပ်စ်၊ မစ်ဆူရီ၊ ကန်တပ် ကီနဲ့ အာကန်ဆပ်စ် ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေတွေ ကြေညာထားပါတယ်။

လေကြောင်းခရီးစဉ်ပေါင်း (၂၃၀၀)ကိုလည်း ဖျက်သိမ်းထားရပြီး အင်္ဂါနေ့ကစလို့ လူပေါင်း (၂)သိန်းနီးပါးဟာ လျှပ်စစ်မီး မရဘဲ ရှိနေတယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ နှင်းထူထဲစွာကျဆင်းမှုနဲ့ နှင်းမိုး ရွာသွန်းမှုဟာ အမေရိကန် မြောက်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာ အင်္ဂါနေ့ တစ်နေ့လုံး ဆက်လက်ဖြစ်ပေါ် နေဦးမယ်လို့ အမေရိကန် အမျိုးသားမိုးလဝေသအသင်း(NWS)က ထုတ်ပြန်ထားပါတယ်။

imageimage