16 w - Translate

ကယ်လီဖိုးနီးယားရှေ့နေချုပ်ကို Exxon Mobil တရားစွဲ
----------------------
ပလတ်စတစ် ပြန်လည် အသုံးပြုနိုင်မှုစွမ်းရည်နဲ့ ပတ်သက်ပြီး အသရေဖျက် မှတ်ချက်ပေးခဲ့တာတွေကြောင့် ရေနံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Exxon Mobil ကော်ပိုရေးရှင်းက ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်ကို တရားစွဲဆိုထား ကြောင်း Reuters သတင်းမှာဖော်ပြပါတယ်။

ရေနံကုမ္ပဏီရဲ့ အဆင့်မြင့်ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ စွပ်စွဲချက်တွေ ပြုလုပ်ခဲ့ တာကြောင့် ကုမ္ပဏီက အခုလိုတရားစွဲဆိုခဲ့တာပါ။ တက္ကဆက်ပြည်နယ် ဖက်ဒရယ်တရားရုံးမှာ ကယ်လီဖိုးနီး ယားပြည်နယ်ရှေ့နေချုပ်ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး အခုလို အသရေဖျက်ပြောဆိုတာတွေဟာ လူမှုပတ်ဝန်းကျင် ဆက်ဆံရေးကို များစွာ အနှောင့်အယှက် ဖြစ်စေတယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ်က ပြောပါတယ်။

ပလတ်စတစ် ပြန်လည်အသုံးပြုနိုင်မှု စွမ်းရည်နဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေပြုလုပ်တာက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတဲ့ ဆိုင်းဘုတ်အောက် ရပ်တည်နေချိန်မှာ စစ်မှန်တဲ့ ပြန်လည်အသုံးပြုခြင်း အစီအစဉ်တွေကို ထိခိုက်စေတဲ့အပြင် ဆန်းသစ်တီထွင်မှုလုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။

image