"ငချိပ် ကောက်ညှင်း ပန်ကိတ် (တ)ရုတ်)"

(တ)ရုတ်မုန့်တစ်မျိုးဖြစ်ပြီး ကောက်ညှင်းမှုန့်ဖြင့် လုပ်ကြတာဖြစ်ပါတယ်။ ကျွန်မကတော့ ပိုမိုစားကောင်းစေရုံသာမကာ လှပစေရန် ငချိပ်မှုန့်ကိုပါ တွဲဖက်သုံးထားပါတယ်။

အချင်း – ၈ လက်မ ရှိသော ဒယ်အိုးပြားအတွက် မုန့်ရည်- 1/3 cup ထည့်ရကာ အောက်ပါအချိုးအစားအတိုင်း လုပ်ပါက မုန့် ၄ ခုရပါတယ်။ ဒယ်အိုး အရွယ်အစားပေါ်မူတည်ပြီး ထည့်ရမည့် မုန့်အရည် ပမဏ မတူနိူင်ပါ၊
ဌာပနာ အတွက် လိုအပ်တာလေးတွေ …

မြေပဲလှော်ထောင်း – 1/3 cup (80 ml)
နှမ်းလှော်ထောင်း – 1/4 cup (60 ml)
သကြား -1/4 cup (60 ml)
ဆား – အနည်းငယ်

အားလုံးရောမွှေလိုက်လျှင် လိုအပ်သော ဌာပနာရပါပြီ။

dsc00928
ကောက်ညှင်းမှုန့်အရည် (ပန်ကိတ်) လုပ်ရန် လိုအပ်တာလေးတွေ…

ကောက်ညှင်းမှုန့် – 1 cup (250 ml)
ဆန်မှုန့် – ထမင်းစားဇွန်း ၂ ဇွန်း
ဂျုံမှုန့် (plain flour) – ထမင်းစားဇွန်း ၂ ဇွန်း
သကြား – ထမင်းစားဇွန်း ၂ ဇွန်း
ဆား – အနည်းငယ်
ရေ – 1 cup (250 ml)
ဆီ – ထမင်းစားဇွန်း ၂ ဇွန်း

ဆီ မှလွဲ၍ အားလုံးရောကာ အဖတ်မကျန်အောင် ဖျော်ထားပါ။ ပြီးလျှင် ဆီထည့်ဖျော်၍ မိနစ် ၃၀ ခန့် ထားပါ။

(ထိုကဲ့သို့ထားခြင်းဖြင့် အမှုန့့်များ ရေကြောင့်ပွရုံမက ပိုပျော့လာသည့်အတွက် မုန့်သားကို ပိုမိုနူးညံ့စေပါတယ်။)
#မြိန်မြိန်
#crd

image