Lowlifes (2024)
လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့Horror ဇာတ်ကားလို ပြောရမှာပါ။
ဇာတ်ကြောင်းကတော့….ကိသ်နဲ့ ကတ်သလင်းတို ဇနီးမောင်နှံနှစ်ဦးက သူတိုရဲ့ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်းထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက်ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပိုပေးဖို အစပြုတာကနေလူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန်ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို မရဘူးဆိုတာရယ်နဲ့…အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင်ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကိုတွေ့ရမှာပါ။တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာမိုလို နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။
