သွေးပေါင်ကျခြင်း (Hypotension) ...
သွေးပေါင်ကျခြင်းကို အသက်အရွယ်မရွေး လူတိုင်းကျဆင်းခြင်း တွေ့ကြုံကြပါသည်။
သွေးပေါင်ကျ (Low Blood Pressure )ဆိုတာက ခန္ဓာကိုယ်အတွင်းသွေးစီးဆင်းမှု့တွက် သွေးကြောတွေဖြစ်တဲ့ သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေအတွင်း သွေးစီးဆင်းမှု့ နည်းသွားသည့်အတွက် သွေးပေါင်ကျဆင်းလာပါသည်။
ဌင်းသွေးကြောအတွင်းသွေးစီးဆင်းမှု့နည်းသွားသည့်အတွက် နှလုံး ဦးနှောက် ကျောက်ကပ်တို့လို မိမိခန္ဓာကိုယ်အတွက် အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတွေစီကို သွေးစီးဆင်းနည်းသဖြင့် လိုအပ်တဲ့ အာဟာရဓာတ်တွေ အောက်စီဂျင်ဓာတ်ပါ နည်းသွားစေပါသည်။
အရေးကြီးတဲ့အစိတ်အပိုင်းတွေက ပုံမှန်လိုအပ်ချက် မလုပ်နိုင်ခြင်းဖြစ်လာပါသည်။သွေးပေါင်ကျဆင်းတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ပုံမှန်လုပ်ဆောင်ရမည့်အတိုင်း မလုပ်ဆောင်တဲ့ အခြေအနေရောက်သွားတတ်လို့ ပျက်စီးထိခိုက်တတ်ပါသည်။
သွေးပေါင်ချိန်ကျ မကျ သိရှိနိုင်ဖို့
သွေးပေါင်ချိန်တိုင်းလိုက်သည့်အခါ (အပေါ်သွေးက 90 mm Hg) ထက်နည်းနေပြီး (အောက်သွေးက 60 mm Hg )ထက် နည်းနေခဲ့ရင်သွေးပေါင်ကျနေတယ်လို့ သတ်မှတ်ယူဆပါသည်။
ပုံမှန်သွေးခုန်နှုန်းတွင်သွေးအတွင်းရှိအောက်စီဂျင်ချိန်ရန်Oximeter ဖတ်ကြည့်မည်ဆိုပါက 95 ကနေ 100 ရာခိုင်နှုန်းအထိရှိပါသည်။
လူတိုင်းတွင်သွေးပေါင်ကျခြင်း သွေးပေါင်တက်ခြင်းသည် သာမှန်အနေအထားဖြင့် လူတိုင်းဖြစ်လေ့ရှိကြပါသည်။
ရောဂါရှိလို့ ကျခြင်း တက်ခြင်းရှိနိုင်သလို ကျန်းမာရေးအခြေအနေနှင့် ခွဲစိတ်ကုသမှုခံယူစဉ်အတွင်း တစ်စုံတရာကြောင့်လည်းသွေးပေါင်ကျတာမျိုးဖြစ်နိုင်ပါသည်။
သွေးပေါင်ကျတဲ့အခါ ခံစားဖြစ်ပေါ်လာနိုင်သည့်လက္ခဏာမှာ -
အမြင် ဝေဝါးလာခြင်း၊
ခေါင်းထဲက မူးဝေ မကြည်လင်ခြင်း၊အာရုံစူးစိုက်မှု့နည်းခြင်း၊
အသက်ရှူ မဝခြင်း ခက်ခြင်း၊
ခြေကုန်လက်ပမ်းကျခြင်း၊
ရင်ခေါင်းနာခြင်း၊
အော့အန်လာခြင်း၊
ရေငတ်လာခြင်း၊ ကိုယ်လက်မအိီမသာဖြစ်ခြင်းနှင့်
လွန်စွာကျလျှင်
သတိလစ်သွားခြင်းတို့ ခံစားဖြစ်ပေါ်နိုင်ပါသည်။
လူတစ်ဦးတွင် သာမှန်အနေအထားသွေးပေါင်ကျဆင်းခြင်းထက်ပိုပြီးတော့ လွန်စွာသွေးပေါင်တအားကျသွားတဲ့အခါ အသက်အန္တရာယ်ဖြစ်နိုင်ပါသည်။ သွေးပေါင်အလွန်အမင် တအားကျဆင်းပါက သတိလစ်နိုင်လို့
အမြန်ဆုံးပြသကုသရန်လိုအပ်ပါသည်။
သွေးပေါင်တအားကျပြီး သတိမလစ်ခင်မှာ အရေပြားမှာ ချွေးစေးတွေထွက်လာမယ် များပြားလာမယ် ခန္ဓာကိုယ်အရေပြားတွေ အေးစက်လာမယ် ဖြူဖတ်ဖြူဖျော့ ဖြစ်လာမယ် အသက်ရှူတွေမြန်လာပြီး နှလုံးခုန်နှုန်းပါ မြင့်တက်လာရင် ရုတ်တရက် သတိလစ်နိုင်သည့်လက္ခဏာရပ်များဖြစ်ပါသည်။
သွေးပေါင်ကျစေသည့် အကြောင်းအရာအများအပြားရှိကြပါသည်။ ခန္ဓာကိုယ်မှအရည်ဓာတ်ဆုံးရှုံးလျော့နည်းစေသည့်
ချွေးထွက်များခြင်း၊
ဝမ်းလျှော့ဝမ်းပျက်ခြင်းနှင့် အန်တာများခြင်း၊
သွေးထွက်သွေးသွန်ခြင်း၊
ဟော်မုန်းရောဂါတစ်ချို့ကြောင့်
အဖြစ်များကြသလို
စိတ်ဖိစီးမှု့များခြင်း၊
အိပ်ရေးပျက်ခြင်း၊
အာဟာရဖြစ်အစားအစာ စားသောက်မှု့နည်းခြင်း၊
ရေသောက်နည်းခြင်း၊
အရက်သောက်ခြင်း၊
ဆေးဝါးသောက်ခြင်းနှင့်
ပြင်းထန်းသောလေ့ကျင့်ခန်း များခြင်းကြောင့် ကျဆင်းတတ်ပါသည်။
သွေးပေါင်ကျဆင်းသည့်အခါတွင် ကစီဓာတ်များသော အစားအစာများကိုဗိုက်တင်းအောင်စားခြင်းရှောင်ပြီး နည်းနည်းခြင်းနဲ့ခဏခဏ စားပါ၊
ပဲပင်ပေါက်၊ပင်စိမ်း၊ကြက်ဥ၊ဌက်ပျော်သီး၊မုန့်လာဥနီ၊သံပုရာ၊ပင်လယ်စာ စားပေးခြင်း ၊ဓာတ်ဆားရည်သောက်ပေးခြင်း၊ အရည်ရွမ်းသော အသီးအနှံများစားခြင်း၊အနားယူပေးခြင်း၊လေကောင်းလေသန့်ရယူ အသက်ရှူလုပ်ပေးခြင်း၊ ခြေသလုံးကြွက်သားကို ကွေးချည် ဆန့်ချည် လုပ်ပေးခြင်း၊အာဟာရပြည့်သည် အစားအစာများစားခြင်း၊ရေသောက်မနည်းစေခြင်း၊အထိုင်မများစေခြင်းနှင့် စိတ်ဖိစီးခြင်း မဖြစ်အောင်နေထိုင်ရန်တို့ဖြစ်ပါသည်။
#crd

image