17 w - Translate

ပြင်ဦးလွင် ကန်တော်ကြီးဥယျာဉ်ထဲမှာ ဒုတိယအကြိမ်မြောက် ခမ်းနားစွာ ကျင်းပခဲ့တဲ့ စာပန်းအိမ်ကျောင်းပဲ့ကိုင်
ရှင်ရဲ့ သမီးဖြစ်သူ မင်္ဂလာပွဲ ❤️
ပြင်ဦးလွင်ရဲ့ နာမည်ကြီး ရုက္ခဗေဒကန်တော်ကြီးဥယျာဉ်အတွင်းမှာ ခမ်းနားလှပတဲ့ မင်္ဂလာပွဲကြီးတစ်ပွဲကို January လ 3 ရက်နေ့က ကျင်းပခဲ့တာပါ။ ပရိသတ်တွေ မှတ်မိခဲ့သလောက် ကန်တော်ကြီးဥယျာဉ်ထဲမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ ၂ ပွဲသာရှိခဲ့ပြီး ပထမဆုံးသိခဲ့ရတဲ့ ပွဲကတော့ ဦးတေဇရဲ့ သား မင်္ဂလာပွဲပဲဖြစ်ပါတယ်။ စာပန်းအိမ်ကိုယ်ပိုင်အထက်တန်းကျောင်းပဲ့ကိုင်ရှင်ရဲ့ သမီးဖြစ်သူ မဆုမြတ်နိုးကျော်နဲ့ ကိုမော်ဇင်တို့ရဲ့ မင်္ဂလာပွဲကိုလည်း ကန်တော်ကြီး ဥယျာဉ်ထဲမှာ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တာကို တွေ့ရပါတယ်။ အဆိုပါပွဲကို နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် နော်ဖောအယ်ထား နဲ့ အဆိုတော် Mary တို့ကလည်းတက်ရောက်ခဲ့တာ တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ စာပန်းအိမ်ကျောင်းမှာပဲ လွန်ခဲ့သော ၁၅ နှစ်ခန့်က တွေ့ဆုံခဲ့ကြတာဖြစ်လို့ အဆိုပါကျောင်းဝန်းကြီးထဲမှာပဲ မင်္ဂလာမော်ကွန်းတင်လက်မှတ်ထိုးပွဲကြီးကို နှစ်သစ်နေ့မှာ ခမ်းခမ်းနားနား ကျင်းပခဲ့ပါသေးတယ်။

#crd

image