ရှေ့နှစ်တွေကတည်းက Live-Action နဲ့ပတ်သက်ပြီး သတင်းတွေထွက်နေခဲ့တဲ့ Demon Slayer ဟာ အခုခါမှာတော့ Netflix ကနေ Live-Action စီးရီး စတင်ပြုလုပ်နေပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။
လောလောဆယ်မှာတော့ တရားဝင်ကြေညာတာမျိုးတွေ အတည်ပြုလို့ရတာမျိုးတွေတော့မရှိသေးပေမဲ့ ဒီသတင်းကတော့ အရင်လကစလို့ Anime community ထဲမှာစတင်ထွက်လာခဲ့တာဖြစ်ပါတယ်။
One Piece Live-Action မှာရခဲ့တဲ့ အောင်မြင်မှုမျိုးကိုကြည့်ရင် Demon Slayer ကို Live-Action ပြုလုပ်မယ်ဆိုရင်လည်း မထူးဆန်းပါဘူး။ Naruto စီးရီးဆိုရင်လည်း ခုချိန်မှာ Live-Action ပြုလုပ်နေတာဖြစ်ပြီး Demon Slayer ဟာလည်း Live-Action ရမယ်ဆိုရင် မထူးဆန်းလှပါဘူး။
အားလုံးကော Demon Slayer Live-Action ကိုကြည့်ချင်ကြလား success ဖြစ်နိုင်မယ်လို့ထင်ကြလား? 🤔
