နှစ်သစ်ကူးရုံးပိတ်ရက် ကာလတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများသို့ ခရီးသွား (၄၀,၀၀၀) ကျော်ဝင်ရောက်ခဲ့
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံ ကမ်းခြေများသို့ ပြီးခဲ့သည့် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဝင်ရောက်မှုအနေဖြင့် စုစုပေါင်းခရီးသွား (၄၀,၀၀၀) ကျော် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ငွေဆောင်ကမ်းခြေသို့ (၁၈၀၀၀) ကျော်၊ ချောင်းသာကမ်းခြေသို့ (၁၆၀၀၀) ကျော်၊ ရွှေသောင်ယံကမ်းခြေသို့ (၆၈၀)၊ ပုသိမ်မြို့ပေါ်သို့ ခရီးသွား (၃၅၀၀) ကျော်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းသို့ နှစ်အလိုက် ခရီးသွားဝင်ရောက်မှုအနေဖြင့် ၂၀၂၃ ခုနှစ်တွင် (၁၆) သိန်းကျော်ဝင်ရောက်မှုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် (၁၈) သိန်းကျော်ဝင်ရောက်မှုရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ် (၃၅) လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံ ကမ်းခြေ၌ ဟိုတယ် (၃၉) လုံးရှိကြောင်း သိရသည်။
