ဆောင်းရာသီမှာသုံးဖို့ body lotion တခုပဲရွေးဆို Nyi ဒါကိုရွေးမယ်❗️
'Prevention is better than Cure ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးထိရောက်တယ်' ဆိုတဲ့စကားကို ကြားဖူးကြတယ်မလား? Skincare နဲ့ပတ်သက်ပြီးလဲ ဒီစကားပုံက တော်တော်လေးအကြုံးဝင်ပါတယ်။ ကမ်းခြေသွားတာ အသားတွေနေလောင်ပြီး မဲလာလို့၊ ခြေထောက်မှာ သဲကြိုးရာကြီးတွေ ထင်းနေလို့၊ ဘယ်အသားဖြူလိုးရှင်းသုံးသုံး မထိရောက်လို့ စသဖြင့် Nyi တို့ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပဲ။ ဒါတွေက ဘာဖြစ်လို့လဲဆိုရင် ပြဿနာတခုကို မဖြစ်ခင်က မကာကွယ်လို့ပါပဲ။ Nyi အမြဲမှာပါတယ် ဒါပေမဲ့လဲ အရေးမကြီးဘူး ထင်ကြတုံး။ ဆောင်းတွင်းမလို့ပါ၊ နွေရာသီရောက်ရင် sunscreen ပြန်လိမ်းမှာပေါ့ ဆိုတဲ့သူတွေ ရှိတယ်။ မပြောမရှိနဲ့၊ အဲ့လိုလူတွေပဲ ဆောင်းတွင်းမှာ အသားတွေမဲကုန်ကြတာနော်။ Winter season မှာလဲ UV index က အမြင့်ဆုံးကို ရောက်ပါတယ်။ မယုံရင် ဆောင်းတွင်းနေ့ခင်းဘက် အပြင်ထွက်ကြည့်၊ နွေရာသီလက်မြှောက်အရှုံးပေးရလောက်တဲ့ထိ ပူပါတယ်။ နေပူထဲထွက်ရင် အသားတွေကို စပ်ဖြင်းဖြင်းနဲ့ ရှိန်းတိန်းနေရောပဲ။ That’s why! Nyi က ဒီနေ့ ကိုယ်ကိုတိုင်သာ ဆောင်းတွင်းမှာ body lotion တခုပဲ သုံးရမယ်ဆိုရင် ဘာကြောင့် ဒီ Vaseline Spf50+ PA++++ daily protection & brightening serum လေး ရွေးမလဲဆိုတာ ပြောပြပါမယ်။
Vaseline က ထုတ်ထားပြီး inter မှာလဲ ဖြန့်နေတဲ့ body sunscreen တခုဖြစ်လို့ SPF ပိုင်းမှာ ယုံကြည်လို့ရတယ်ပေါ့နော်။ သူက highest UV protection Spf50+ PA++++ လဲ ပါဝင်တယ်။ UVA နဲ့ UVB ကို ကာကွယ်နိုင်တဲ့အပြင် ဖုန်းနဲ့ကွန်ပြူတာ screen ကလာတဲ့ blue light တွေ ကားနဲ့စက်ရုံအလုပ်ရုံတွေကထွက်တဲ့ pollution ဒဏ်တွေကနေပါ ကာကွယ်ပေးလို့ သူ့ရဲ့ specifications တွေက အထင်ကြီးဖို့ကောင်းပါတယ်။ ပါဝင်ပစ္စည်းတွေဆိုရင် သူ့မှာ Chemical UV filters တွေ သေချာအသုံးပြုထားပြီး skin brightening & whitening အတွက် Niacinamide, Vitamin C, hydration အတွက် Glycerin, antioxidant protection အတွက် Vitamin E နဲ့ တခြားသော moisturizing ingredients တွေ ပါဝင်ပါတယ်။ သူ့အနံ့က ပန်းနံ့သင်းသင်းလေးပဲ။ Texture က မထူလွန်းမကျဲလွန်းတဲ့ lotion type ဖြစ်တယ်။ အသားပေါ်လိမ်းရင် ပူတာမျိုး စေးကပ်တာမျိုး နေရခက်တာမျိုး မရှိပါဘူး။ အဲ့အစား အစိုဓာတ်ကို သေချာပေးတယ်။ Moisturizing lotion + SPF lotion 2ခုကို ပေါင်းလိမ်းထားသလို ခံစားချက်ပေးတယ်။ ဒါကြောင့် Nyi က သူ့ကို ဆောင်းတွင်းမှာ အရမ်းသုံးစေချင်တာပေါ့နော်။ Lotion တခုထဲနဲ့ အစိုဓာတ်လဲသေချာရ၊ နေရောင်လဲကာကွယ်၊ အသားလဲဖြူဆိုတော့ တချက် 3ချက်ပြတ်လို့ Nyi ကတော့ ဆောင်းတွင်းတခုလုံး lotion တမျိုးပဲရွေးဆို ဒီ Vaseline Spf50 body serumလေးကိုပဲ သုံးပါမယ်ဗျ။ အားလုံးကိုလဲ အကောင်းဆုံးတွေပဲ သုံးစေချင်လို့ ဒါလေးထပ်ပြီးညွှန်းပါတယ်နော်🌟
#vaseline #vaselinespf50
#reviewbynyi #nyipick #nyipickbodycare
