တစ်စုံတယောက်ကို သတိရလိုက်တာ,
"မင်း ချစ်ချစ်၊ မချစ်ချစ် ကိုယ် မင်းကို တစ်သက်လုံး ချစ်သွားမှာပါ"
အဲ့ဒီအသံ၊ အဲဒီမျက်ဝန်းညိုတွေ၊ ဪ မျက်ဝန်းညိုတွေ။
မျက်ရည်များစွာ ပါးပြင်ပေါ်ကို စီးကျလာပြီး ငါဟာ ချစ်ရင်းသေမဲ့သူပဲ။
ကိုယ့်ကိုယ်ကို အမည်တပ်လိုက်တယ်။ ရင်ထဲ မွန်းကျပ်လာပြီး အသက်ရှူရခက်လာတော့ စိတ်ကိုလျော့ချလိုက်တယ်။
ပြီးတော့.....ငါ လွတ်မြောက်ပါရစေတော့ အကိုရယ်,
ငါ လွတ်မြောက်ပါရစေတော့။
#မယ်ညို