🌼 ဝက်လဖက် 🌼
******************
အိုးထဲဆီထည့်ပီး ဆီအပူပေးပီးရင်
နနွင်းအနည်းငယ်ထည့်မွှေပါ။
ကြက်သွန်ဖြူ/နီ ထည့်၍ ရွလာအောင် ဆီသတ်ပါ။
အရသာနယ်ထားတဲ့ ဝက်သားထည့်၍ ခဏမွှေပေးပီးရင်
ရေနွေးပူပူကို ဝက်သားမြုပ်အောင်ထည့်ပီး အဖုံးအုပ်ထားပါ။
အိုးချခါနီး ၁၅ မိနစ်အလိုမှာ လဖက်သားထည့်မွှေပီး
အိုးအဖုံး ပြန်အုပ်ထားပါ။
ဆီပျံလာရင် ရပါပီ။

_____________________________________________________

ပါဝင်ပစ္စည်းများ
**************
ဝက်သား သုံးထပ်သား
လဖက်ညွန့်
ဆီ,ဆား,အရသာမှုန့်,သကြား,နနွင်း

_____________________________________________________

ဟင်းမချက်ခင် ဝက်သားကို
ဆား,အရသာမှုန့်,သကြားနဲ့ ကြိုနယ်ပီး နှပ်ထားပေးပါ။

လဖက်ညွန့်ကို ဆားနဲ့နယ်
အဖန်ရည်ညှစ်ထုတ်ပီး ရေသယ့်ဆေးထားပါ။
ငရုတ်သီးစိမ်း ညက်ညက်လေး ထောင်းပီး
ကြက်သွန်ဖြူထည့် ထောင်းပီးရင် လဖက်ထည့်ထောင်းပါ။
အရသာမှုန့်, ဆား, သံပုရာရည်ညှစ်ထည့်ပီး နယ်ထားပါ။

ဝက်လဖက်က
ဂျင်း, ငရုတ်သီးအစိမ်းမှုန့် မထည့်ရပါဘူး။

image