17 ပတ် - ဘာသာပြန်ပါ။

■ လီဗာပူးလ်အသင်းဟာ ညာနောက်ခံလူ အာနိုးလ်ကို ပေါင်(၇၈)သန်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ အာနိုးလ်ကို စာချုပ်သစ်ချုပ်ပြီး ဆက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

■ အေစီမီလန်အသင်းဟာ မန်ယူနိုက်တက်အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူ့ရဲ့လစာဟာ ပြဿနာအဖြစ်ရှိနိုင်တယ်လို့ Sky Sports Italia က ဖော်ပြထားပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ဇန်နဝါရီမှာအပြောင်းအရွှေ့ကာလမှာ ရပ်ရှ်ဖိုဒ့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အဖြေရှာဖို့ရှိနေတာဖြစ်ပါတယ်။

>>>>>>

■ စပါးအသင်းဟာ ဆလားဗီးယားအသင်းရဲ့ချက်ဂိုးသမား ကင်စကီးကို ပေါင်(၁၂.၅)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဓိကဂိုးသမား ဗီကာရီယိုဒဏ်ရာရရှိနေတာကြောင့် ဂိုးသမားအခက်အခဲရှိနေတဲ့ စပါးအသင်းဟာ ကင်စကီးကို ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။

■ နာပိုလီအသင်းဟာ အီတလီတောင်ပံကစားသမား ချီယေဆာကို (၆)လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ လီဗာပူးလ်အသင်း၊သူ့ရဲ့အေးဂျင့်တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ချီယေဆာကို ခေါ်ယူဖို့ ဖီအိုရမ်တီးနားအသင်းနဲ့ အင်တာမီလန်အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ဝုလ်ဗ်စ်အသင်းဟာ ဘရာဇီးလ်တိုက်စစ်ကစားသမား ကွန်ညာကို စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကွန်ညာကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်အသင်းအတွက်တော့ စိတ်ပျက်စရာသတင်းဖြစ်ခဲ့ပါတယ်။

■ အစ်ဝှစ်ချ်အသင်းဟာ အတ္တလန်တာအသင်းနောက်ခံလူ ဂေါ့ဖရေးကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဂေါ့ဖရေးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလကမှ အဲဗာတန်အသင်းကနေ ပြောင်းရွှေ့ခဲ့ပေမယ့် အတ္တလန်တာအသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေတာကြောင့် ပြန်ထွက်ခွာခဲ့တာဖြစ်ပါတယ်။

image