လူတွေကို အစွဲလမ်းနိုင်ဆုံးအရာ
အချိုတွေကတော့ ပိုက်ဆံလို ပြောပါလိမ့်မယ်၊
အချိုတွေကတော့ ကျော်ကြားမှုပေါ့၊
အချိုကတော့ အောင်မြင်မှု၊
အချိုက ရုပ်ချောခြင်း၊
စသဖြင့် ပြောကြ ထင်ကြပါလိမ့်မယ်။ တကယ်တော့ ထိုအချက်တွေက စွဲလမ်းနိုင်သော်လည်း လူတွေကို အစွဲလမ်းနိုင်ဆုံးအရာ မဟုတ်သေးပါဘူး။
လူတွေက အစွဲလမ်းနိုင်ဆုံးအရာကတော့ "ယုံကြည်စိတ်ချရတဲ့သူဖြစ်ခြင်း၊ အားကိုးရတဲ့သူဖြစ်ခြင်း" ဆိုတဲ့အချက်ပါပဲ။
ဘယ်သူပဲဖြစ်နေပါစေ လူကောင်းပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် ယုံကြည်ရမယ့်သူ၊ အားကိုးရမယ့်သူ များနိုင်သမျှများများ လိုချင်ကြပါတယ်။
ဒါ့ကြောင့် လူတွေကိုယ့်ကို သဘောကျတာ၊ စွဲလမ်းတာကို လိုချင်ရင် မှန်တာကိုပြောတာ၊ မှန်တာကိုလုပ်ပါ၊ အားကိုးလိုရတဲ့သူဖြစ်အောင် ကြိုးစားပါ။
#crd
