17 w - Translate

၂၀၅၀ တွင် ကာဗွန်ထုတ်လုပ်မှုကင်းစင်သည့်နိုင်ငံဖြစ်လာရန် ဗီယက်နမ်ကြိုးပမ်း
...........
လာမယ့် ၂၀၅၀ ပြည့်နှစ်အတွင်းမှာ ကာဗွန်ထုတ်လုပ်မှု လုံးဝ ကင်းစင်တဲ့ နိုင်ငံတစ်နိုင််ငံဖြစ်လာဖို့အတွက် ဗီယက်နမ်ကြိုးပမ်းနေကြောင်း NetZero.VN သတင်းမှာရေးသားထားပါတယ်။
၂၀၄၀ ပြည့်နှစ်ကစပြီး ကျောက်မီးသွေးလောင်စာသုံးဓာတ်အား ဖြတ်တောက်ပြီး ၂၀၅၀ ပြည့်နှစ် မှာတော့ ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်တွေ ချမှတ်ထားတာဖြစ်ပါတယ်။
သုတေသနပြုချက်တွေအရ ဗီယက်နမ်ဟာ ကမ္ဘာပေါ်ရှိ အခြားနိုင်ငံတွေထက် ရာသီဥတုဖောက်ပြန်မှု အန္တရာယ်ကို ပိုမိုကြုံတွေ့နေရတာဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံး ထိပ်တန်း၅နိုင်ငံထဲမှာလည်း ပါဝင်နေတာပါ။
ရာသီဥတုပြောင်းလဲမှုကြောင့် ဖန်တီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်တွေက မြို့ပြဒေသတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုများစွာလည်းရှိနေတာပါ။ဥပမာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေက လေထုညစ်ညမ်းမှုကို မြင့်မားစေတာပါ။
ဒါ့ကြောင့် ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးက ဗီယက်နမ်အတွက် အလွန်အရေးပါနေတာဖြစ်ပါတယ်။ ကာဗွန်ထုတ်လုပ်မှုလျှော့ချပြီး ရေရှည်တည်တံ့တဲ့ စီးပွားရေးကွန်ရက်တွေ ထပ်မံဖြန့်ကျက်ဖို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ ဗိယက်နမ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

imageimage