ပုဇွန်မဆလာ

ပုဇွန်မဆလာချက် ရန်အတွက်

ပုဇွန်ထုတ်(သို)ပုဇွန်ကျား အကောင် ခပ်တန်တန်
30 သားကို ခေါင်းထိပ်အနည်းငယ်ဖြတ်၊ရွှံ့အိမ်ထုတ်၊
အမြီးဖျား ဖြတ်။ဗိုက်မွေး ဖြုတ်ကာ ဆေးကြောသန့်စင်
ထားပါ။(အခွံ မခွာပါနှင့်)။
ထို့နောက် ပုဇွန်များကို ဆား tea ဇွန်း1ဇွန်း။နနွင်းမှုန့်နှင့်
အချိုမှုန့် အနည်းငယ် ၊သကြား 1ဇွန်းစီတို့ဖြင့်
သမအောင ရောနယ်ထားပါ။်

ကြက်ဥ 1 လုံး အား နာနာခေါက်မွှေထားပါ။

ကြက်သွန်ဖြူအမွှာကြီး 6/7 မွှာနှင့်ကြက်သွန်နီ
2 လုံးကို ညက်အောင်ထောင်းထားပါ။

ရှမ်းနံနံ 10 ပင်ခန့်ကို အမြစ်ဖြတ်၍ရေဆေးထားပါ။

ဒယ်အိုးထဲသို့ ဆီ ဟင်းခတ်ဇွန်း 3 ဇွန်းထည့်ကာ
အပူပေး၍ဆီပူရင် ထောင်းထားသောကြက်သွန်များ
နှင့် ငရုတ်သီး tea ဇွန်း 2 ဇွန်းကို ထည့်ကာ
ဆီသတ်ပေးပါ။ထို့နောက်ပုဇွန်များထည့်ကာ
်မွှေပေးပါ။အနံ့မွှေးလာရင် ရေ ပုဇွန်မြုတ် ရုံသာ
ထည့်၍အဖုံးအုပ်ကာ 6/7 မိနစ်ခန့် ထားပါ။
ဟင်းအရည်မပျစ်မကျဲ လေးဖြစ်လာရင် မဆလာ
်အနည်းငယ် ပဲငံပြာရည် tea ဇွန်း1ဇွန်းထည့်ကာ
မွှေ၍ အပေါ့အငံ မြည်းပါ။အရသာစိတ်ကြိုက်ဖြစ်
်ပြီဆိုရင် ရှမ်းနံနထည့်ကာ အရွက်နွမ်းအောင်
ခဏအဖုံးအုပ်ပေးပြီး ံခေါက်မွှေထားသောကြက်ဥ
ကိုလောင်းထည့်ကာ အနည်းငယ်မွှေပေ်းပြီး ရင်
်ချလိုက်လို့ရပါပြီ။

image