19 w - Translate

တစ်ယောက်ကို တစ်ယောက်က လွမ်းနေရကြောင်း
ခက်ခက်ခဲခဲ အသိပေးရတဲ့ ခေတ်ကို
ပြန်ရောက်သွားချင်တယ်။

စာအိတ်လေးထဲက တစ်စွန်းတစ်စ ထွက်လာတဲ့
ဆေးရောင်မှိန်မှိန် ဓာတ်ပုံအဟောင်းလေးနဲ့ပဲ
အလွမ်းပြန်ဖြေချင်တယ်။

ရိုးသားတဲ့ စာတွေ ပြန်ရေးပြီး
ယဉ်ယဉ်ကျေးကျေး ပြန်တွေ့တဲ့အခါ
တဆတ်ဆတ်တုန်နေတဲ့ လက်ဖျားလေးတွေကို မရဲမဝံ့
ပြန်ဆုပ်ကိုင်ပေးထားချင်တယ်။

လူခြေတိတ်သော ညတွေ၊
ဆောင်းလေအေးအေးနဲ့ သခွပ်ပန်းမွှေးမွှေးတွေ၊
လရောင်မှာ တိုးတိုးပြောမယ့် စကားတွေ
အသည်းကွဲတဲ့အခါ တကယ်မူးပြီး
ထားခဲ့ခံရတဲ့အခါ တကယ်ရူးတဲ့
ဇာတ်လမ်းမျိုးတွေ ပြန်လိုချင်ပါတယ်။

#နွေသစ်ငြိမ်း
#နွေဦးဘူတာ

image