19 w - Translate

ထရမ့်ကိုပြစ်ဒဏ်ချသော်လည်း ထောင်ဒဏ်၊ငွေဒဏ်ငွေ ချမှတ်မည်မဟုတ်ဟု တရားသူကြီးဆို
...............................
ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင် သီတင်းနှစ်ပတ်အလို ဇန်နဝါရီ ၁၀ရက်မှာ လိင်ဖျော်ဖြေရေးမယ်ကို ငွေပေးနှုတ်ပိတ်ခဲ့မှုနဲ့ နယူးယောက်မြို့ တရားသူကြီး ဂျူအန်မာချန်က ပြစ်ဒဏ်ချမယ်လို့ပြောပေမယ့် ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်မှာတော့ မဟုတ်ဘူးလို့ပြောပါတယ်။
ရွေးကောက်ခံသမ္မတ ထရမ့်ဟာ ဇန်နဝါရီ ၂၀ရက် သမ္မတတာဝန်တွေကို လွှဲယူချိန်မှာ ပြစ်မှုကျူးလွန်ထားတဲ့ ပထမဆုံး သမ္မတအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ချမယ့် ၁၀ ရက်နေ့မှာ တရားရုံးကို လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ ကြားနာနိုင်ကြောင်း တရားသူကြီးက ထရမ့်ကို အမိန့်ထုတ်ထားပါတယ်။ သမ္မတထရမ့် ကတော့ စီရင်ချက်ချတာမျိုး မဖြစ်သင့်သလို၊ ဒီလိမ်လည်လှည့်ဖြားမှုတွေကို သူတို့အားလုံး မသေမချင်း ဆက်လက် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။ ထရမ့်ဟာသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတွေကို လိမ်ညာပြသတယ်ဆိုတဲ့ အမှု၃၄ မှုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ထားပြီး ဒီအမှုတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ ၁၀ ရက်မှာ ပြစ်ဒဏ်ချမှတ်တော့မှာပါ။ အမှုတွေထဲမှာ လိင်ဖျော်ဖြေရေးမယ် ကို နှုတ်ပိတ်ခငွေ ပေးခဲ့တာကို ဖုံးကွယ်ခဲ့မှုလည်း ပါဝင်ပါတယ်။

image