19 w - Translate

၁၁၆နှစ်ရှိ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် ကွယ်လွန်
......................

ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်လို့သတ်မှတ်ထားတဲ့ ဂျပန်အမျိုးသမီး တိုမီကိုအီတိုကာ ကွယ်လွန်သွားပြီလို့ အက်ရှီရာမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးချိန်မှာ သူမဟာ အသက် ၁၁၆နှစ်ရှိပြီဖြစ်ပါတယ်။ သက်ကြီးရွယ်အိုမူဝါဒရေးရာတာဝန်ခံ ရိုရှီစူဂုနာဂါတာက အီတိုကာဟာ ဂျပန်နိုင်ငံအလယ်ပိုင်း ရိုဂိုစီရင်စု အက်ရှီရာရှိ စောင့်ရှောက်ရေးဂေဟာမှာ ဒီဇင်ဘာ ၂၉ ရက်က ကွယ်လွန်သွားခဲ့တာလို့ဆိုပါတယ်။
ဂျပန် ငှက်ပျောသီးနဲ့ Calpis လို့ခေါ်တဲ့ ဒိန်ချဉ်အရသာ ဂျပန်အဖျော်ရည်ကို နှစ်သက်တဲ့ အီတိုကာကို ၁၉၀၈ခုနှစ် မေလ ၂၃ ရက်မှာ မွေးဖွားခဲ့တာပါ။ သူမဟာ အသက် ၁၁၇ နှစ်ရှိ မာရီယာဘရန်ရာ့စ် ကွယ်လွန်ပြီးနောက် ကမ္ဘာ့အသက်အကြီးဆုံးလူဖြစ်လာတာလို့ အိုမင်းခြင်းဆိုင်ရာ သုတေသနအဖွဲ့မှ သိရပါတယ်။
သူမဟာ ဘဝမှာ ပေ ၁၀၀၆၂ အမြင့်ရှိတဲ့ အွန်းတိတ်တောင်ပေါ်ကို နှစ်ကြိမ်တက်ခဲ့ဖူးပါတယ်။ အသက် ၂၀အရွယ်မှာ‌ အိမ်ထောင်ကျခဲ့ပြီး သမီးနှစ်ယောက်နဲ့ သားနှစ်ယောက်ထွန်းကားခဲ့တယ်လို့ ဂင်းနစ်မှတ်တမ်းတွေအရ သိရပါတယ်။
၁၉၅၉ခုနှစ်မှာ ခင်ပွန်းသည် သေဆုံးပြီးနောက် သူမဟာ နာဟာမြို့မှာ တစ်ဦးတည်းနေထိုင်ခဲ့ပါတယ်။ သေဆုံးချိန်မှာ သားတစ်ဦး၊ သမီးတစ်ဦးနဲ့ မြေးငါးဦးတို့ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ဈာပနကို မိသားစု၊ မိတ်ဆွေတို့က ကျင်းပခဲ့တယ်လို့ နာဂါတာက ပြောပါတယ်။
အိုမင်းခြင်းဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ် အီတိုကာ မွေးဖွားပြီး ၁၆ ရက်အကြာမှာ မွေးဖွားခဲ့တဲ့ ဘရာဇီးလ် သီလရှင် အနာကမ်နာဘာရိုလုကပ်စ်ဟာ ယခုအခါမှာ အသက် ၁၁၆နှစ်ရှိနေပြီး သူမဟာကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။

image