ခင်ဗျားသိလား ...
ကြားနေကျ အသံလေး
မကြားရတော့တဲ့ရက်တွေမှာ
ခင်ဗျားကို
ကျွန်တော် သိပ်လွမ်းရတယ်
ဖုန်းတွေဆက်ဖို့ဆိုပြီး
ဖုန်းနံပါတ်တွေ နှိပ်တယ်
ငါ ဘာပြောရမှာလဲဆိုတဲ့ အတွေးရယ်
ပြီးတော့ တစ်ဖက်က
ဘာပြောလာမလဲဆိုတဲ့ အတွေးရယ်ကြားမှာ
မျက်ရည်ပဲ ကျလာရတာပဲလေ
လွမ်းလို့ဆိုပြီး
အရင်လို ဂျီကျလို့ရတဲ့ အခြေအနေတွေ မဟုတ်တော့မှန်း
တစ်ခါတစ်လေ ...
ကျွန်တော် မေ့သွားခဲ့တာပါ
အရင်လို ရှိမနေတော့ပါလားဆိုတဲ့
အမှန်တရားကို
တစ်ခါတစ်လေ ...
ကျွန်တော် လက်မခံချင် ဖြစ်ဖြစ်သွားတယ် ။
တောင်းပန်ပါတယ် ...
ဘာကြောင့်မှန်းမသိ
ဒီနေ့ ...
မနေ့ကထက်
ပိုလွမ်းနေမိတယ် ...
ဆက်မရပါဘူးဆိုတဲ့ ဖုန်းကို
ခေါ်ချင်နေမိသူတစ်ယောက်ရဲ့အဖြစ်
မဆိုင်တော့ပါဘူးဆိုတဲ့ လူတစ်ယောက်ကို
ပိုင်ချင််မိသူတစ်ယောက်ရဲ့ အဖြစ်ကို
ခင်ဗျားသိလား ...
#2001
