19 w - Translate

လူတွေက မလိုအပ်တော့ရင်
သိပ်ပြီး သိသာတာ

စကားပြောပုံကအစ
အမူအရာ အဆုံး
အကုန်လုံးက မကျေနပ်ရင်
ကြိုက်သလို ဆုံးဖြတ် ဆိုတဲ့
အနေအထားမျိုး

မလိုချင်တော့
အပြစ်တွေရှာတယ်
ထွက်သွားစေချင်တော့
အပြစ်တွေ တင်တယ်

အရင်က ဘယ်လိုကောင်းပေးခဲ့ ကောင်းပေးခဲ့
လက်ရှိမှာ သူ မလိုအပ်တော့ဘူး

အဲဒီလို မလိုအပ်တော့တာကလည်း
ပိုကောင်းတဲ့သူတွေ့လို့ ဖြစ်နိုင်တယ်
ဒါမှမဟုတ်
ကိုယ့်ကို စိတ်ကုန် စိတ်ပျက်တာလည်း
ဖြစ်နိုင်တယ်

ပြောင်းလဲမှုတွေလို့ ခံစားလာရရင်
သူ့ကို မေးခွန်းတွေ ထုတ်နေမဲ့ အစား
ကိုယ့်စိတ်ကို ဖြေနိုင်ဖို့ပဲ
ကြိုးစားပါ

လောကမှာ ကိုယ့်ကိုယ် မလိုတော့ရင်
ကိုယ်က ဘယ်လောက် ကောင်းပြပြ
သူ့အတွက် အသုံးမဝင်တော့ပါဘူး ။

လိုတာထက် ပို မပေးမိဖို့
လိုတာထက်ပိုပြီး အလျှော့မပေးဖို့

🍂☘️
#ᗩᒪoᑎᗴ

image