ခေတ်တေဘယ်လောက်ဘဲ တိုးတတ် တိုးတတ်
စာကို စာအုပ်အတိုင်း ဖတ်ရတဲ့ အရသာကို
အရမ်းကို ကြိုက်တယ်🥰
စာအုပ်မဖတ်ခင် ရူးတယ် ပြောမလား
စာအုပ်ရဲ့အနံ့လေးကိုအရင်ရှူမိတယ်
ပီးရင် ဝယ်တဲ့ date ကလေးရေး
ကိုယ့်လက်မှတ်ကလေးထိုး
ဘယ်ကတည်းက ရတဲ့အကျင့်လေးမှန်းမသိပေမဲ့
စာအုပ်တေဝယ်ဖြစ်တိုင်းလုပ်ဖြစ်နေမိတာလေး
အာ့ကြောင့် မြန်မာပြည်နဲ့ အရမ်းဝေးတဲ့
နိုင်ငံတေကိုထွက်မသွားချင်တာ
မျက်စိတေမမှူန်လာခင်
အနှစ်သာရရှိတဲ့ စာအုပ်တေကို နှစ်နှစ်ခြိုက် ခြိုက်ကြီး
ဖတ်ချင်နေမိတော့တာ 😇
ငယ်ငယ်တုန်းကဆို အမြဲစိတ်ကူးယဉ်မိတာ
ပုဂံမြို့လေးမှာ စာအုပ်လေးတစ်အုပ်နဲ့
စုတ်တံလေးတစ်ချောင်းနဲ့ စာအုပ်လေးဖတ်လိုက်
ပန်းချီလေးဆွဲလိုက်နေဖူးကြည့်ချင်ခဲ့တာ 😔
