အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံဖိုး လက်နက်တွေရောင်းဖို့ အမေရိကန်စီစဉ်နေ

ဇန်နဝါရီ ၄

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အစ္စရေးအတွက် ဒေါ်လာ ကိုးဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ရောင်းချဖို့ ကွန်ဂရက်ကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲမှာ ပါလက်စတိုင်းအရပ်သားတွေ သောင်းနဲ့ချီသေဆုံးပေမယ့် မဟာမိတ်အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ခံမှုကို ဆက်လက်ပြသနေတာလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ဒီရောင်းချမှုအတွက် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ကော်မတီတို့က အတည်ပြုရဦးမှာဖြစ်ပါတယ်။

ဒီရောင်းချမှုမှာ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေအတွက် ခဲယမ်းတွေအပြင် အမြောက်ကျည်တွေ ၊ ဗုံးတွေလည်းပါဝင်တယ်လို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နို်ငငံခြားရေးဝန်ကြီးဌာနကတော့ ချက်ချင်း မှတ်ချက်ပေးတာမရှိသေးပါဘူး။

အစ္စရေးကို လက်နက်ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်မှာ ကန့်ကွက်မှုတွေရှိနေပေမယ့်လည်း အမေရိကန်အစိုးရရဲ့ မူဝါဒကတော့ ကြီးကြီးမားမား ပြောင်းလဲတာမျိုးမရှိသေးပါဘူး။ ဩဂုတ်လအတွင်းကလည်း အမေရိကန်ဟာ အစ္စရေးအတွက် တိုက်လေယာဉ်နဲ့ အခြားစစ်လက်နက်ပစ္စည်း ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရောင်းချဖို့ကို ခွင့်ပြုခဲ့ပါတယ်။

ဂါဇာရှိ ဟားမတ်စ်၊ လက်ဘနွန်ရှိ ဟဇ်ဘိုလာနဲ့ ယီမင်ရှိ ဟူသီသူပုန်အဖွဲ့လိုမျိုး အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွးများကို ခုခံကာကွယ်ဖို့အတွက် မဟာမတ်အစ္စရေးကို ကူညီနေတာလို့ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ပြောပါတယ်။

၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက်ကစတင်ခဲ့တဲ့ ဂါဇာစစ်ပွဲမှာ အစ္စ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၅၀၀၀ ကျော်သေဆုံးပြီး ၂ ဒသမ ၃ သန်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

Ref:Reuters
Photo:Reuters

#သတင်းဟင်းလေးအိုးကြီး

image