WeChat နှင့် TikTok ကို မလေးရှား လိုင်စင်ထုတ်ပေး
-----------------------------
ဆိုရှယ်မီဒီယာဥပဒေသစ်အရ WeChat နဲ့ TikTok တို့ကို လုပ်ငန်း လည်ပတ်ခွင့် လိုင်စင်တွေ ထုတ်ပေးခဲ့ကြောင်း မလေးရှားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံအနေနဲ့ မြင့်တက်လာနေတဲ့ ဆိုက်ဘာရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံတွင်းမှာ လည်ပတ်မယ့် နည်းပညာကုမ္ပဏီတွေကို စည်းမျဉ်းဥပဒေအသစ်တွေ ချမှတ်ထားတာ ဖြစ်ပါတယ်။
အဲဒီဥပဒေက မလေးရှားရှိ သုံးစွဲသူ ၈ သန်းကျော်အတွက် ဆိုရှယ်မီဒီယာပလက်ဖောင်းတွေနဲ့ စာတိုပေးပို့ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရယူရမယ့် ကုမ္ပဏီတွေနဲ့ များစွာသက်ရောက်မှု ရှိနေတာပါ။ WeChat နဲ့ TikTok တို့ဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတာကြောင့် လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ထုတ်ပေးခဲ့ တာဖြစ်တယ်လို့ Malaysian Communications and Multimedia Commission က ပြောကြားထားပါတယ်။
