ကလောရောက်ရင် သွားထိုင်ဖြစ်မည့် ကော်ဖီဆိုင်လေးတစ်ခု 🤗
The Kennari Shan Tearoom
ဆိုင်အသစ်လေး မြင်းကရွာအိုးစည်တောင်ခြေက Kalaw Villa ရဲ့ Club House မှာဖွင့်ထားတာ 🏡
Club house က တောင်စောင်းမှာဆောက်ထားတဲ့အတွက် အပြင်ဖက်ကစားပွဲဝိုင်းတွေမှာထိုင်ရင် Vacation Home လေးတွေအများကြီးနဲ့ လှ့နေတဲ့ မြင်းကရွာလေးကို အပေါ်စီးကနေလှမ်းမြင်နေရမှာ အချာပါပဲနော်
ညနေဘက် နေဝင်ချိန်မှာ တောင်တန်းတွေပေါ် ကိုနေရောင်ဖြာကျနေတာ သိပ်ကိုလှလို့ ဒီဆိုင်လေးမှာညနေဖက်သွားစားဖြစ်ရင် ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးအချိန်ပါပဲ 📸
The Kennari မှာ coffee special brew, cocktail, beer, wine နဲ့အတူ ရှမ်းစာရော ဘိုစာပါရတယ် premium ဆိုင်လေးက မနက် ၁၀နာရီကနေ ည ၁၀နာရီထိ ဖွင့်ပါတယ် 🤗
ဆိုင်ကိုသွားစားလို့ရသလို မြင်းကထဲက vacation home တွေကိုလဲ delivery လာပို့ပေးတော့ ညဖက်အပြင်မထွက်ချင်တော့ရင် အရမ်းအဆင်ပြေတာပေါ့နော် 😋👍
#သွားမယ်&တည်းမယ်


