❗️ဆံပင် အရှည်မမြန်ချင်တဲ့သူတွေ ဒီ Review ကို မဖတ်ပါနဲ့။
သားဖြိုး ဒီနေ့မှာတော့ ဆံပင်ကျွတ်တာသက်သာစေပြီး ဆံပင်အသစ်ထွက်၊ ဆံပင် အရှည်မြန်စေတဲ့ Hair Tonic တစ်မျိုးကို Review ပေးချင်ပါတယ်။
[REVIEW] Dr+ Banggiwon Lab Hair Tonic
သားဖြိုးလေ Dr+ Banggiwon ကို မျက်နှာသစ်ဆပ်ပြာ (၂)မျိုးက စလိုက်တာ သားဖြိုးနဲ့ တော်တော် အဆင်ပြေတာနဲ့ ကျန်တဲ့ သူ့ Product တွေကို ထပ်Try တော့တာပဲ။
သူ့ Quality လေးက မစိုးသလို စျေးအရလည်း သုံးပျော်တဲ့ Brand လို့ပြောလို့ရတယ်။
ခုသားဖြိုး Hair Care တွေဖက်ကို Try ကြည့်နေတယ်။
ဒီ Lab Hair Tonic က ဆံပင်ကျွတ်တာကို သိသာစေပြီး ဆံပင် ရှည်မြန်တာကတော့ အသိသာဆုံးပဲလို့ ပြောရမယ်။
သားဖြိုး ဆံပင်ကို တစ်လခွဲကျော်မှ တစ်ခါ ညှပ်လေ့ရှိတဲ့သူက သူ့သုံးပြီးမှ ၁လမပြည့်ခင် ဘေးဆံပင်တွေက အရှည်မြန်လာပြီး ကားထွက်လာလို့ ဆံပင်ညှပ်လိုက်ရတဲ့အဖြစ်။
ဒီတော့ ဆံပင် ရှည်လို့ ဆံပင်ခန ခန ညှပ်ရမှာပျင်းတဲ့သူတွေအတွက်တော့ မဖတ်သင့်တဲ့ Review ပေါ့။
သူထဲမှာပါတဲ့ အဓိက ပါဝင်ပစ္စည်းတွေက-
🔰Salicylic Acid
🔰Dexpanthenol
🔰I-Menthol
သူက ဦးရေပြားကို Detox လုပ်ပေးတဲ့ Hair Tonic ဖြစ်တယ်။
Salicylic Acid ပါဝင်တဲ့ အတွက် ဦးရေပြားမှာ ပိတ်မိနေတဲ့ ဆဲလ်သေတွေ၊ အဆီနဲ့ အညစ်အကြေးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးတဲ့အတွက်
ဆံပင်အသစ်ထွက်ခြင်းကို အထောက်အပံ့ပေးတဲ့ အပြင် ဆံပင် အရှည်မြန်စေတယ်။
သားဖြိုးမှာ ဗောက်မရှိတဲ့ အတွက် ဗောက်ပျောက်တယ် ဘာညာ မပြောနိုင်ဘူး။
ဒါပေမယ့် သားဖြိုးက ဦးရေပြား အဆီပြန်ပြီး ချွေးထွက်သန်တာကြောင့် ပုံမှန်ဆို တစ်ရက်ခေါင်းမလျှော်ရင် သိသိသာသာ ခေါင်းချွေးနံ့ထွက်တယ်။
သူ့ကို သုံးရင်း အဲ့လို အနံ့မျိုး မရဘူး။ ဦးရေပြား အဆီထွက်နှုန်းလျော့သွားတယ်။ လုံး၀ မထွက်တာမဟုတ်ဘူးနော် …။ လျော့သွားတာ။
Salicylic Acid အကြောင့် ခြောက်သွေ့သွားနိုင်တဲ့ ဦးရေပြားကို ပြန်ပြီး Norish ပြန်ပေးမယ် Dexpanthenol(Pro Vitamin B5) ကိုထည့်ပေးထားတယ်။
I-Menthol ကတော့ ဦးရေပြားကို အေးစေပြီး ဦးရေပြားကို အားဖြည့်ပေးမယ့် Niacinamide ကိုလည်း ထည့်ပေးထားသေးတယ်။
သားဖြိုး Personal အတွေ့အကြုံအရ အမှန်တိုင်း ဝန်ခံရရင် သူသုံးပြီးသိသိသာသာရှိတာက -
✅ ဆံပင်ကျွတ်သက်သာသွားတယ်။
✅ ဆံပင်အရှည်မြန်လာတယ်။
✅ ခေါင်းချွေးနံ့ မထွက်တော့ဘူး။
✅ ဦးရေပြား အဆီပြန်တာသက်သာလာတယ်။
ဒါကတော့ သိသာတဲ့အချက်..။
ဆံပင်အသစ်ပြန်ထွက်တဲ့ နှုန်းကတော့ သားဖြိုး တစ်ခြား Tonic တွေလောက် သိပ်ပြီး အားမရဘူး။
သားဖြိုးက သူ့ကို နေ့တိုင်း မနက်-ည ဦးရေပြားကို ရောက်အောင်ဖြန်းတယ်။
အဲ့ဒီမှာ တစ်ခု မကြိုက်တာက ဗူးပုံစံပဲ။ ရိုးရိုး Spray ဗူးနဲ့ပဲထည့်ပေးထားတယ်။ နှုတ်သီးပါတဲ့ ဗူးမဟုတ်တဲ့အတွက် Tonic က ဦးရေပြားပေါ်ကို ရောက်သင့် သလောက်မရောက်ဖူးလို့ ခံစားရတယ်။
သားဖြိုး ဆီမှာရှိတဲ့ ဗူးရဲ့ Pump က Press လုပ်တာ တော်တော်လေးခက်တယ်။ ဒါကြောင့် သားဖြိုး နှုတ်သီးပါတဲ့ ဗူးထဲကိုပြောင်းထည့်ထားရတဲ့ထိအောင်ပါပဲ။
ခြုံပြောရမယ်ဆိုရင် အကြောင်း အမျိုးမျိုးကြောင့် ဆံပင်ကျွတ်နေတဲ့သူ၊ ဆံပင်အရှည်မြန်ချင်တဲ့သူ၊ ဦးရေပြား အဆီပြန်တာ သက်သာချင်တဲ့သူတွေအတွက်က သိသာတဲ့ Hair Tonic ဖြစ်တာမို့ Must Try ပါနော် …။
Where to buy: Dr + Banggiwon Myanmar | Girl Generation korea comestic online store
🫶🏼 ချစ်တဲ့စိတ်နဲ့ မျှဝေပေးတဲ့ Review လေးဖြစ်တာမို့ အချစ်တွေနဲ့ ဖတ်ပေးပါနော် ✌🏼
နောက် Blog မှာ ပြန်တွေ့ကျတာပေါ့…❤️
#drbanggiwon
#hairtonic
#haircareroutine
#treasurebytharphyoe
#crd
