ကြက်ဥပူတင်းကျောက်ကျော

ကြက်ဥ၄ လုံး
ကျောက်ကျော၂၅ ဂရမ်(အထုပ်သေး)
နိုစိမ်းဗူး၀က်
သကြား၂၀သား
ရေသန့်၁ လီတာခွဲ
နိုဆီ၃ ဇွန်း(မထည့်လည်းရ)
ဆားအနည်းငယ်
အရင်ဆုံးကြက်ဥကို ခလောက်ထားပါ။ရေကို ဆူအောင်တည်ထားပါ
ရေဆူလာရင်ဆား၊ ကျောက်ကျောနဲ့ သကြားထည့်ပြီးအဆက်မပြတ်မွှေပေးနော်။ခဲကုန်မယ်။
ကျောက်ကျောမှုန့်ကြေပြီဆို ၁၀မိနစ်လောက်ထပ်မွှေပေးပါ။
ပြီးရင်အအေးခံမဲ့ ဗန်းထဲကို ၃ ပုံ ၁ ပုံလောင်းထည့်ပါ။

ကျန်တဲ့ကျောက်ကျောကို အပူပြန်ပေးပါ။
ဆူလာရင် ခလောက်ထားတဲ့ ကြက်ဥထည့်ပါ။
နိုစိမ်းနဲ့ နိုဆီထည့်ပါ။
ဝေကျတတ်လိုမီးလျှော့ထားပြီး အဆက်မပြတ်မွှေပေးပါ။
ပထမအအေးခံထားတဲ့ ကျောက်ကျောကို ကိုင်ကြည့်လို အပေါ်ယံလေးတင်းနေပြီဆို နောက်တစ်ထပ်လောင်းလို ရပါပြီ။
ဒုတိယတစ်ထပ်ကိုလောင်းရင် တခါတည်းအကုန်မလောင်းချပဲ ဗန်းရဲ့ ထောင့်နားလေးကနေ ဇွန်းခံပြီး ဖြေးဖြေးလောင်းချပါ။
တခါတည်းလောင်းချရင် အပူချိန်နဲ့ အောက်ထပ်ကို ပေါက်ကျပြီး အထပ်မဖြစ်ပဲ ရောသွားတတ်ပါတယ်။
အေးသွားရင် ရေခဲသေတ္တာထဲထည့်ပါ။
တစ်နာရီလောက်ထားပြီးရင်တော့ ကလေးလူကြီးအကြိုက် အရသာရှိတဲ့ ကြက်ဥပူတင်းကျောက်ကျောလေးရပါပြီဗျ
#မြိန်မြိန်

image