19 w - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“သြော် ..ခက်နေပါပြီ။ တကယ်ပြောတာ ၊သူ ဟင်းချက် သိပ်ကောင်းတာပဲ။ ဒါပေမယ့် ကော်ဖီဖျော်တာ ၊ သံပုရာရည်ဖျော်တာ ချစ်လောက် သောက်မကောင်းဘူးလေ။
မောင် မရှက်ပါဘူး။ နည်းနည်းတော့ တမ်းတမိတာပါ။ ဆေးတိုက်တော့လဲ နင်က နာရီအတိအကျနဲ့ ၄၅ မိနစ်လောက် အစာနဲ့ခြားပြီး ကြိုတိုက်ထားတာလေ။
ခုတော့ မောင့်ဘာသာ မောင် ယူသောက်ရတယ် ညညဆို အားနည်းလွန်းလို့ အိပ်မပျော်ဘူးဆိုရင် ဟိုတွေးဒီတွေနဲ့ သိပ်ဖျားလွန်းလို့ ဆေးထိုးချင်ပြီဆိုရင် မောင့်ဘေးမှာ ဆေးထိုးပေးမယ့်လူ မရှိဘူး။
အဲဒါမျိုးတွေကျတော့ သတိရတာပဲ။ တစ်နာရီတစ်ခါ သွေးတိုးနှုန်းတိုင်းပေးမယ့် လူမရှိဘူး။ နောက်ပြီး အလျင်တစ်ခါ ဖျားပြီး နေကောင်းခါစမှာ နင်လုပ်ပေးတဲ့ ကြက်စွပ်ပြုတ် မောင်သိပ်ကြိုက်တာပဲ။
အခုတော့ ဟောလစ် နဲ့ နလန်ထရတယ်။ ဟောလစ်ကို မောင် သိပ်မုန်းတာ နင်သိသားပဲ။ တစ်လနီးပါးလောက် ခံလိုက်ရတယ်။
လူကလဲ ပိန်ကျသွားတာပဲ ။ပြန်ပြီး အားပြည့်အောင် ဘာကျွေးရမယ်ဆိုတာ မောင့်မိန်းမက မသိဘူးလေ။
မောင့်ကိုတော့ မေးရှာပါတယ်။ ဒါပေမယ့် ပြောပြနေရတာထက်စာရင် အစစအရာရာ မလိုအောင် လုပ်ပေးသွားတဲ့ တက်ကျွမ်းသူတစ်ယောက်ကို ဘယ်မှီမလဲ။ နောက်ပြီး နင့်လို ညညမောင့်ကို ထပြီး အဖျားစမ်း မကြည့်တတ်ဘူး။ ဆေးသောက်ဖို့ မနှိုးတတ်ဘူး။ နှိုးစက်နဲ့ ဆေးသောက်ရတယ်”
“ဒါပေမယ့် ကျွန်မရဲ့တန်ဖိုးက ဒါပါပဲမောင်ရယ် ။ ဆရာ၀န်ဆိုတာ နေမကောင်းနေတဲ့လူအတွက်ပဲ တန်ဖိုးရှိတာပါ”
“မောင် ပြောတဲ့အထဲမှာ တန်ဖိုးမဲ့တာတွေ ရှိတာတွေ မပါဘူး ။ နင့်ကို သတိရတမ်းတတဲ့အကြောင်းပဲ”
“ဟုတ်ပါပြီလေ။ ဒါပေမယ့် မောင် တ,တာကတော့ ဆရာ၀န် စုစုထွေးကို တ, တာပဲ”
“နင့်လိုတော့ ငါက စကားမတတ်ဘူးနော် ။ ပြောလို့ မနိုင်ရင် ဆွဲထိုးပစ်မှာပဲ”
ထို့နောက် နှစ်ယောက်သား လက်ရှိအခြေအနေများကို မေ့လျော့ပြီး စိတ်လွတ်လက်လွတ် ရယ်မောမိသည်။ ကျွန်မမောင့်ကို ခပ်ဖွဖွဖက်ပြီး နဖူးမှ ဆံစများ ချွေးစက်ကလေးများကို လက်ဖြင့်ပွတ်သပ်ပေးနေမိသည်။
“မောင် အဖျားကျသွားပြီ ၊ အိပ်တော့မလား”
“မောင် ပြန်မှဖြစ်မယ်”
“ကျွန်မကို စိတ်မချလို့လား”
“အဲလို မပြောပါနဲ့ ၊ မင်းကိုလဲ စိတ်ချတယ်။ ကိုယ့်ကိုယ်ကိုလဲ စိတ်ချတယ်။ ဒါပေမယ့် ပတ်၀န်းကျင် …”
“ပြန်မနေနဲ့တော့ မောင်မနက်စောစောကျမှပြန် ၊အခုပဲ ၁၀နာရီလောက် ရှိပြီ။ မောင် မန္တလေးမှာ နေဦးမလား”
“အင်း .. ချစ်ရှိနေရင်တော့ နေချင်တာပေါ့။ နေခွင့်ရှိတယ်ဆိုရင်လေ”
“ကျွန်မ မနက်ဖြန် ပြန်ရမလားလို့ ။ မောင်နေကောင်းရင်”
“ပြန်စရာရှိရင်တော့ ပြန်လေ။ ကိုယ်က ကိစ္စမရှိပါဘူး”
မောင်က နာကျင်ထိခိုက်သွားသော မျက်နှာမျိုးဖြင့် သက်ပြင်းရှိုက်၏ ။

#ဆက်ရန်ရှိ

image