20 w - Translate

◾️ ဂူဂဲလ်ရဲ့ Willow ကွမ်တမ် ချစ်ပြား တွက်ချက်မှုနှုန်း သိပ္ပံပညာရှင်များ လက်ဖျားခါ
အမေရိကန် ပြည်ထောင်စုအခြေစိုက် ဂူဂဲလ်နည်းပညာကုမ္ပဏီ ရဲ့ Willow လို့ ခေါ်တဲ့ ကွမ်တမ်ကွန်ပျူတာချစ်ပြားတစ်မျိုးဟာ အလွန်တရာ ခက်ခဲတဲ့ အတွက်အချက်ပြဿနာတစ်ရပ်ကို ငါးမိနစ်အတွင်း တွက်ချက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Willow ကွမ်တမ် ကွန်ပျူတာချစ်ပြားရဲ့ အထက်ပါ တွက်ချက်မှု မြန်နှုန်းဟာ ဂူဂဲလ်သိပ္ပံပညာရှင်တွေ လက်ဖျားခါခဲ့ရတဲ့ အမြန်နှုန်းပဲ ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ Willow ကွမ်တမ်ချစ်ပြား ဖြေရှင်းခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ဆိုရင် အခု ခေတ် ကမ္ဘာ့တွက်ချက်မှုအမြန်ဆုံး စူပါကွန်ပျူတာတွေအတွက် နှစ်ပေါင်း ၁၀ ဆက်တီလီယန် လိုပါတယ်။
နှစ်ပေါင်း ၁၀ ဆက်တီလီယံဟာ နှစ်ပေါင်း ၁၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ နဲ့ ညီမျှပါတယ်။
Willow ကွမ်တမ်ချစ်ပြားဟာ စမ်းသပ်ဆဲအဆင့်မှာပဲ ရှိနေသေးပေမယ့် လက်တွေ့ကမ္ဘာ့ပြဿနာ အမျိုးမျိုးကို ဖြေရှင်းပေးနိုင်မယ့် ကွမ်တမ် နည်းပညာကွန်ပျူတာတွေ ပေါ်ထွက်လာဖို့လမ်းဖွင့်ပေးနိုင်မှာပါ။
Willow ကွမ်တမ်ချစ်ပြားကို ဂူဂဲလ်ရဲ့ Quantum AI သုတေသနဌာနက သိပ္ပံပညာရှင်တွေ ဖန်တီးထားတာပါ။
Credit

image