'Skincare steps တခုနဲ့တခုကြား အချိန်ဘယ်လောက်ခြားပေးဖို့လိုလဲ' ဒီမေးခွန်းရဲ့အဖြေကို လူတော်တော်များများ သိချင်ကြလိမ့်မယ်လို့ ထင်တယ်။
တကယ်တော့ လူတယောက်ချင်းစီရဲ့ အသားအရေအခြေအနေ, လိမ်းလိုက်တဲ့ skincare ရဲ့ texture အပျစ်အကျဲပေါ်မူတည်ပြီး အသားအရေထဲကို စိမ့်ဝင်တဲ့အချိန် မတူနိုင်လို့ တသမတ်ကြီးပြောလို့မရပါဘူး။ နောက်ပြီး ပြောလို့ရတယ်ထားဦး, skincare တခုလိမ်းပြီး နောက်တခုထပ်လိမ်းဖို့ timer ကြီးနဲ့ ချိန်လိမ်းနေရအောင် ဒီမေးခွန်းက အဲ့လောက်ထိအရေးပါမယ် မထင်ဘူး။
ဆိုတော့ ဘယ်လိုလိမ်းကြမလဲဆိုရင်... အကောင်းဆုံးက တခုလိမ်းပြီးလို့ အသားပေါ်မှာခြောက်သွားပြီဆိုရင် နောက်တခုထပ်လိမ်းတာပဲ။ အဲ့လိုနည်းနဲ့ အနည်းနဲ့အများ အလုပ်ရှုပ်သက်သာမယ်လို့ ယူဆရတယ်။ တခုမခြောက်သေးဘဲ နောက်တခုထပ်လိမ်းရင်ကျတော့ စိမ့်ဝင်ဖို့ ပိုပြီးအချိန်စောင့်ရတဲ့အပြင် အခန့်မသင့်ရင် အသားထဲမစိမ့်ဝင်တော့ဘဲ လိပ်တက်ကုန်တာမျိုး ကြုံရတတ်တယ်နော် ။
#crd
