ဂျေဂျူးလေကြောင်းလိုင်း CEO ကိုတောင်ကိုရီးယားမှ ထွက်ခွာခွင့်ပိတ်ပင်
ဆိုးလ်၊ဇန်နဝါရီ ၂
ဂျေဂျူးလေကြောင်းလိုင်း CEO ကင်မ်အီဘေးကို တောင်ကိုရီးယားမှ ထွက်ခွာခွင့်ပိတ်ပင်လိုက်ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။
လူပေါင်းရာချီေ-သဆုံးခဲ့သည့် ဂျေဂျူးလေကြောင်းလိုင်းလေယာဉ်ကိစ္စကို စုံစမ်းစစ်ဆေးနေချိန်၌ လေကြောင်းလိုင်း စီအီးအို ကင်မ်အီဘေးအပါအဝင်အရာရှိနှစ်ဦးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှစ၍ နိုင်ငံတွင်းမှထွက်ခွာခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ရဲတပ်ဖွဲ့ဘက်မှ လေယာဉ်ပျ-က်ကျမှုနှင့်သက်ဆိုင်သည့်အချက်များကို စုံစမ်းစစ်ဆေးနေချိန်တွင် ၎င်းအရာရှိနှစ်ဦးကို အရေးကြီးသူများအဖြစ်ယူဆကြသဖြင့် ယခုကဲ့သို့ နိုင်ငံမှ ထွက်ခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်းဆိုခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တောင်ကိုရီးယားသို့ထွက်ခွာလာသည့် ဂျေဂျူးလေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအန်လေဆိပ်သို့ဆင်းသက်စဉ် ဘီးချမရသဖြင့်ဝမ်းနှင့်လျှပ်ဆင်းရာမှ မီးလောင်ပေါက်ကွဲပြီးလေယာဉ်ပေါ်ပါသူ ၁၈၁ ဦးအနက် ၁၇၉ ဦးေ-သဆုံးကာအမှုထမ်း ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟုလည်းသိရသည်။
