မန်းရွှေစက်တော် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရန် ပြင်ဆင်နေ
------------------------
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပနိုင်ဖို့ ပြင် ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီကနေ သိရပါ တယ်။ မန်းရွှေစက်တော်ဘုရားပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ၇၅ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာရောက်သူတွေ အဆင်ပြေစေဖို့ တည်းခိုဆောင် အခန်းပေါင်း ၆၀၀ ကျော်နဲ့ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော် ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပနိုင်ဖို့ မန်းချောင်းရေ ဆေးသုတ်တဲ့လုပ်ငန်းတွေအပြင် တည်ဆောက်ပြုပြင်တာ၊ မန်းချောင်းအတွင်း သောင်ပြင်ပြုပြင်ပြီး တည်ခိုဆောင်နဲ့ ဆိုင်ခန်းနေရာတွေ ဆောက် လုပ်နိုင်ဖို့ မြေနေရာရှင်းလင်းတာနဲ့ မြေနေရာသတ်မှတ်တာတွေ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သလို ဘုရား ပရဝဏ် အတွင်း ထုံးသုတ်တာ၊ ဆေးသုတ်တာ စတဲ့လုပ်ငန်းတွေအပြင် တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးနဲ့ အဆင့်မြှင့် တင်တဲ့လုပ်ငန်းတွေအားလုံးကို ဘုရားပွဲတော် ရက်မတိုင်မီ အပြီးဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မန်းရွှေစက် တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီက သိရပါတယ်။
ဒါ့အပြင် မန်းရွှေစက်တော်ဘုရား အောက်စက်တော်ရာ(ခြေတော်ရာ)ကို ဘုရားဖူးလာရောက်ကြသူတွေ အလွယ် တကူ အဆင်ပြေ ချောမွေ့စွာ သွားရောက်ဖူးမြော်နိုင်ဖို့အတွက် အရင်နှစ်က တည်ဆောက်အသုံးပြုခဲ့တဲ့ ဘေလီ သံပေါင် အထူးတံတားကို အခုရက်ပိုင်းအတွင်း အပြီးတပ်ဆင်သွားဖြစ်တယ်လို့လည်း သိရပါတယ်။
