20 w - Translate

အမေရိကန်ဘဏ္ဍာရေးဌာန အကြီးစား ဟက်ကာတိုက်ခိုက်ခံရ
-----------------------
အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ သတင်းအချက်အလက် စနစ်ထဲကို တရုတ်အစိုးရနောက်ခံပြုတဲ့ ဟက်ကာတွေက ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနဟာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်နဲ့ စီးပွားရေးတွေကို စောင့်ကြည့်ထိန်းကျောင်းတဲ့ ဌာန ဖြစ်သလို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကိစ္စရပ်တွေကို ကိုင်တွယ်ချမှတ်တဲ့ ဌာနဖြစ်ပါတယ်။

အခု ဟက်ကာ တိုက်ခိုက်မှုဟာ အကြီးစား ဟက်ကာ တိုက်ခိုက်မှုတစ်ရပ်ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဌာနက ပြောကြားလိုက်ပြီး ဖြစ်စဉ်ကို လွှတ်တော်အမတ်တွေဆီ အသိပေး အကြောင်း ကြားထားပါတယ်။ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ အဲဒီဟက်ကာတိုက်ခိုက်မှုဟာ (APT)လို့ ခေါ်တဲ့ တရုတ်ကို အခြေပြုတဲ့ အဆင့်မြင့်ဟက် ကာ တိုက်ခိုက်မှုဖြစ်တယ်ဆိုတာ သိရှိရကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဟက်ကာတိုက်ခိုက်မှုဖြစ်စဉ်အပေါ် အမေရိကန် အက်ဖ်ဘီအိုင်အပြင် တခြားအေဂျင်စီတွေနဲ့ လက်တွဲပြီးဆက် လက်စုံစမ်းစစ်ဆေးနေတယ်လို့ အမေရိကန် ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ် အစိုး ရကတော့ အဲဒီဟက်ကာ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

image